အီတလီနိုင်ငံမှာမွေး‌တဲ့မြေးမလေး (၆)လပြည့်အရွယ်မှာ အရမ်းချစ်လွန်းလို့ ရောမမြို့အထိတောင်သွားပြီး ပထမဆုံးချီပိုးခဲ့တဲ့ ဘွားဘွားဝါဝါဝင်းရွှေ

//s9.kh1.co/84/84b36e1c51a2b8495de9c44536db733c2abd7f67.jpg
အနုပညာရှင်များ

 ၁၆-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အီတလီနိုင်ငံမှာမွေး‌တဲ့မြေးမလေး (၆)လပြည့်အရွယ်မှာ အရမ်းချစ်လွန်းလို့ ရောမမြို့အထိတောင်သွားပြီး ပထမဆုံးချီပိုးခဲ့တဲ့ ဘွားဘွားဝါဝါဝင်းရွှေ

ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးကြီးတစ်လက်ဖြစ်တဲ့ ဝါဝါဝင်းရွှေကတော့ ယနေ့အချိန်မှာဆိုရင် သားသမီးမြေးမြစ်တွေနဲ့အတူ ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်နေတာပဲဖြစ်ပါတယ်။ဝါဝါဝင်းရွှေက ကျန်းမာရေးလည်းအရမ်းကောင်းပြီး အရွယ်တင်နုပျိုနေဆဲဖြစ်လို့ သူမရဲ့အလှအပတွေကတော့ နည်းနည်းလေးမှမလျော့သွားပါဘူးနော်။ဝါဝါဝင်းရွှေက အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး မျိုးစက်သစ်အနုပညာရှင်လူငယ်တွေကိုလည်း အနုပညာအမွေတွေလက်ဆင့်ကမ်းပေးနေတာဖြစ်ပါတယ်။

Photo Credit:Wa Wa Win Shwe's Facebook Account

ဝါဝါဝင်းရွှေရဲ့သားငယ် ဝါဇင်ကတော့ စင်ကာပူမှာ မိသားစုနဲ့အတူနေထိုင်နေပြီး သမီးချောလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဝါဝါဝင်းရွှေကတော့ စင်ကာပူကမြေးမလေးတွေကိုလည်း အရမ်းချစ်ပြီး Video Callလေးအမြဲတမ်းပြောတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဝါဝါဝင်းရွှေက မြေးမလေး Victoriaရဲ့မွေးနေ့လေးမှာ ငယ်ငယ်တုန်းကအမှတ်တရပုံရိပ်လေးတွေနဲ့အတူ မွေးနေ့ဆုတောင်းစကားလေးကို သတိတရနဲ့ရေးပေးထားတာဖြစ်ပါတယ်နော်။ 

Photo Credit:Wa Wa Win Shwe's Facebook Account
Photo Credit:Wa Wa Win Shwe's Facebook Account
Photo Credit:Wa Wa Win Shwe's Facebook Account
Photo Credit:Wa Wa Win Shwe's Facebook Account
Photo Credit:Wa Wa Win Shwe's Facebook Account
Photo Credit:Wa Wa Win Shwe's Facebook Account

ဝါဝါဝင်းရွှေကတော့"Very Happy Birthday VICTORIA   ITALY နိုင်ငံ ROME  မှာ​မွေးတဲ့ ​မြေး​လေး  (၆ )လပြည့်​တော့​တွေ့​ချင်ကြလို့ ဘိုးဘိုး ဘွားဘွားတို့မိသားစု​တွေ​ ​မြေး​လေးကို ပထမဆုံး ချီခွင့် ချစ်ခွင့်ရခဲ့ရတယ်။Singapore ​ရောက်လည်း နမ်းခွင့် ချီခွင့်ရခဲ့တယ်။ချစ်​​မြေး​လေးရဲ့​မွေး​နေ့ကို  ခုလို အချိန်မှာတွေ့ခွင့်မရပေမယ် ဒီနေ့ကျရောက်တဲ့မွေးနေ့မှစပြီး မိဘ ​ကျေးဇူးသိ​သော ယဥ်​ကျေးသိမ်​မွေ့​သော ထူးချွန်ထက်မြက်သော ပညာတတ်ကြီးဖြစ်ပါစေေ လို့ ဆုတောင်းပေးလိုက်ပါတယ်"ဆိုပြီး မြေးမလေးအတွက် မွေးနေ့ဆုတောင်းပေးထားတာဖြစ်ပါတယ်နော်။ 

Photo Credit:Wa Wa Win Shwe's Facebook Account
Photo Credit:Wa Wa Win Shwe's Facebook Account
Photo Credit:Wa Wa Win Shwe's Facebook Account
Photo Credit:Wa Wa Win Shwe's Facebook Account
Photo Credit:Wa Wa Win Shwe's Facebook Account
Photo Credit:Wa Wa Win Shwe's Facebook Account

Source&Photo Credit:Wa Wa Win Shwe's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T