ပရိသတ်ကြီးရေ..... မင်းသမီးချောလေး ခြူးလေးကတော့ ဟန်ဆောင်မှုကင်းကင်းနဲ့ ပျော်ပျော်နေတတ်သူလေးဖြစ်ပြီး အောင်မြင်မှုရရှိနေတဲ့ မင်းသမီးချောလေးပါ။ ခြူးလေးဟာ MRTV-4 ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့သူဖြစ်ပြီး အခုနောက်ပိုင်းမှာဆိုရင် ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးလာရတာ ဖြစ်ပါတယ်။ ခြူးလေးရဲ့ ပီပြင်ကောင်းမွန်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ချစ်စရာကောင်းတဲ့ပုံစံလေးတွေကြောင့် ပရိသတ်တွေကြားမှာ နေရာတစ်နေရာရရှိနေတာပါနော်။
ခြူးလေးဟာ သရုပ်ဆောင်ဘက်မှာသာမက tik tokရိုက်တဲ့နေရာမှာလည်း အခွီtik tokလေးတွေကို ပီပီပြင်ပြင်ရိုက်နိုင်တာကြောင့် သူမရဲ့ tik tokလေးတွေကလည်း ပရိသတ်အားပေးမှုရရှိနေတာပါ။ ခြူးလေးဟာပရိသတ်တွေအတွက် အမြဲကြိုးစားနေတဲ့သူလေးလည်းဖြစ်ပြီးတော့ ပရိသတ်အချစ်တွေကို သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။ အခုဆိုရင်လည်းခြူးလေးဟာ ဇာတ်လမ်းတွဲရိုက်ကူးနေတာဖြစ်ပြီး ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားနေတာဖြစ်ပါတယ်.....။
ခြူးလေးဟာမကြာခဏဆိုသလိုလည်း သူမရဲ့လှုပ်ရှားမှုဗီဒီယိုလေးတွေကို ပရိသတ်တွေအတွက် တင်ပေးလေ့ရှိသူပါ။ အခုဆိုရင်လည်း သူမရဲ့ Facebookစာမျက်နှာမှာ "အဲ့လိုစားစရာလေးတွေ ရောက်လာရင် ဘယ်လိုပျော်တာ...." ဆိုတဲ့captionလေးနဲ့အတူ ရှုတင်မှာမုန့်တွေရောက်လာလို့အပျော်ကြီးပျော်နေတဲ့ ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
သတင်း အရင်းအမြစ်៖ Chue Lay's Facebook acc