အိမ်မှုကိစ္စနိုင်နင်းပြီး အရမ်းမိန်းမပီသလွန်းတဲ့ ချစ်ဇနီးချောလေးဆုပန်ထွာကို ပိုင်ဆိုင်ထားလို့ ဂုဏ်ယူနေရတဲ့ ကိုဥက္ကာကျော်

//s9.kh1.co/bc/bc3ef5b4a410ad3c15d2d94b96578ddd5cf90dab.jpg
အနုပညာရှင်များ

 ၁၆-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

အိမ်မှုကိစ္စနိုင်နင်းပြီး အရမ်းမိန်းမပီသလွန်းတဲ့ ချစ်ဇနီးချောလေးဆုပန်ထွာကို ပိုင်ဆိုင်ထားလို့ ဂုဏ်ယူနေရတဲ့ ကိုဥက္ကာကျော်

မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ဆုပန်ထွာကတော့ လက်ရှိအချိန်မှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ဇာတ်ကားတွေလည်းရိုက်ကူးနေတာဖြစ်ပါတယ်။ဆုပန်ထွာက သားလေးတစ်ယောက်ကိုမွေးဖွားထားတဲ့မိခင်ဖြစ်ပေမယ့်လည်း အလှအပတွေက နည်းနည်းလေးမှမလျော့သွားဘဲ အမြဲတမ်းနုပျိုနေတာဖြစ်ပါတယ်။ဆုပန်ထွာက အိမ်ထောင်ကျလည်းကံကောင်းတာကြောင့် အမြဲပြည့်ပြည့်စုံစုံနေရပြီး သာယာချမ်းမြေ့နေတာပဲဖြစ်ပါတယ်။

Photo Credit:Okkar Kyaw's Facebook Account

ဆုပန်ထွာရဲ့တစ်ဦးတည်းသောသားလေး Roar Roarလေးက (၃)နှစ်ကျော်အရွယ်ရောက်လာပြီဖြစ်လို့ မေမေနဲ့အတူကြော်ငြာတွေတောင် ရိုက်ကူးထားပြီဖြစ်ပါတယ်။ဆုပန်ထွာရဲ့ချစ်ခင်ပွန်း ကိုဥက္ကာကျော်ကလည်း "အောင်ဆန်းရုပ်ရှင်"မှာ တစ်ထောင့်တစ်နေရာကနေပါဝင်သရုပ်ဆောင်ထားတာကြောင့် ဆုပန်ထွာတို့တစ်မိသားစုလုံးကတော့ အနုပညာကိုရူးသွပ်ကြပါတယ်နော်။ဆုပန်ထွာကလည်း အိမ်ရှင်မကောင်းတစ်ယောက်ပီသလို့ မိသားစုလေးကို နွေးနွေးထွေးထွေးဖြစ်အောင် စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။ 

Photo Credit:Okkar Kyaw's Facebook Account
Photo Credit:Okkar Kyaw's Facebook Account
Photo Credit:Okkar Kyaw's Facebook Account
Photo Credit:Okkar Kyaw's Facebook Account

ဆုပန်ထွာက အိမ်မှုကိစ္စတွေကိုလည်း ကျွမ်းကျင်ပိုင်နိုင်တာကြောင့် ချစ်ခင်ပွန်းနဲ့သားလေးရဲ့ ဝေယျာဝစ္စတွေကို သူမကိုယ်တိုင်လုပ်ဆောင်ပေးတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဆုပန်ထွာက ချစ်ခင်ပွန်းနဲ့သားလေးစားဖို့အတွက် မီးဖိုချောင်ဝင်ပြီး ဖွယ်ဖွယ်ရာရာလေးတွေကို ချက်ပြုတ်နေတာဖြစ်ပါတယ်။ကိုဥက္ကာကျော်ကတော့ အရမ်းမိန်းမပီသလွန်းတဲ့ ချစ်ဇနီးချောလေးရဲ့လှုပ်ရှားမှုလေးတွေကို ဓာတ်ပုံခိုးရိုက်ထားပြီး အမိအရမှတ်တမ်းတင်ထားတာဖြစ်လို့ ပရိသတ်တွေအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

Photo Credit:Okkar Kyaw's Facebook Account
Photo Credit:Okkar Kyaw's Facebook Account
Photo Credit:Okkar Kyaw's Facebook Account
Photo Credit:Okkar Kyaw's Facebook Account
Photo Credit:Okkar Kyaw's Facebook Account
Photo Credit:Okkar Kyaw's Facebook Account

Source&Photo Credit:Okkar Kyaw's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T