လူတွေကအဆင်ပြေနေတယ်လို့ မြင်ကြပေမယ့် နောက်ကွယ်မှာ မပြေလည်မှုတွေရှိနေတာကို တွေးရင်းမျက်ရည်ကျနေတဲ့ ထက်ထက်ရဲ့Tik Tok ဗီဒီယို

//s9.kh1.co/35/3535d6dfaf4c460246cbd7956c48ae38f06225cf.jpg
အနုပညာရှင်များ

 ၁၆-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

လူတွေကအဆင်ပြေနေတယ်လို့ မြင်ကြပေမယ့် နောက်ကွယ်မှာ မပြေလည်မှုတွေရှိနေတာကို တွေးရင်းမျက်ရည်ကျနေတဲ့ ထက်ထက်ရဲ့Tik Tok ဗီဒီယို

မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပြီး ဆယ်စုနှစ်ကျော်ကြာအောင် ပရိသတ်တွေရဲ့နှလုံးသားမှာ နေရာယူခဲ့သူလေးကတော့ မင်းသမီးချော ထက်ထက်မိုးဦးပဲ ဖြစ်ပါတယ် ။ ထက်ထက်မိုးဦးက ကြော်ငြာဘုရင်မ၊ အကယ်ဒမီဆုနှစ်ဆုပိုင်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ တစ်ခေတ်တစ်ချိန်ကတည်းက နာမည်ကြီးရေပန်းစားခဲ့တာ ဖြစ်ပါတယ် ။ အနုပညာလောကကနေ ခဏအနားယူခဲ့သေးတဲ့ ထက်ထက်က အခုတော့ ပရိသတ်တွေရဲ့ရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။

Photo Credit-Htet Htet Moe Oo's FB Page 
Photo Credit-Htet Htet Moe Oo's FB Page 
Photo Credit-Htet Htet Moe Oo's FB Page 
Photo Credit-Htet Htet Moe Oo's FB Page 

ထက်ထက်မိုးဦးက မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုလေးနဲ့ ပြည့်ဝသူလေးလို့ ဆိုရလောက်အောင်ကို လူချစ်လူခင်ပေါများနေတာ ဖြစ်ပါတယ် ။ ကျန်းမာရေးကြောင့် အနားယူခဲ့တဲ့ ထက်ထက်က လက်ရှိမှာတော့ အလုပ်တွေအများအပြား လက်ခံနေရတာပဲ ဖြစ်ပါတယ် ။ ထက်ထက်က Live Sale တွေအဓိကရောင်းချသလို ပရိသတ်တွေအတွက် Tik Tok ဗီဒီယိုလေးတွေလည်း တင်ဆက်ပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း ထက်ထက်က ဗီဒီယိုအသစ်လေးကို မျှဝေပေးထားပါတယ်။

Photo Credit-Htet Htet Moe Oo's FB Page 
Photo Credit-Htet Htet Moe Oo's FB Page 
Photo Credit-Htet Htet Moe Oo's FB Page 
Photo Credit-Htet Htet Moe Oo's FB Page 
Photo Credit-Htet Htet Moe Oo's FB Page 
Photo Credit-Htet Htet Moe Oo's FB Page 

အမြဲတမ်းပြုံးရွှင်တဲ့မျက်နှာလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ထက်ထက်က အခုတော့ အဆွေးသီချင်းလေးတစ်ပုဒ်နဲ့ အပီအပြင်ဆော့ပြထားတာ ဖြစ်ပါတယ် ။ ထက်ထက်က အိမ့်ချစ်သီဆိုထားတဲ့ "အောင်မြင်မှုရဲ့နောက်ကွယ်" ဆိုတဲ့သီချင်းလေးနဲ့အတူ မျက်ရည်ကျပြီး ဝမ်းနည်းနေတဲ့ပုံစံမျိုးလေး လုပ်ပြထားတာလည်း ဖြစ်ပါတယ် ။ ကဲ ခံစားချက်အပြည့်နဲ့ ရိုက်ကူးထားတဲ့ ထက်ထက်မိုးဦးရဲ့Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Htet Htet Moe Oo's Tik Tok Acc

Photo Credit-Htet Htet Moe Oo's FB Page 
Photo Credit-Htet Htet Moe Oo's FB Page 
Photo Credit-Htet Htet Moe Oo's Tik Tok Acc
Photo Credit-Htet Htet Moe Oo's Tik Tok Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T