ပရိသတ်ကြီးရေ အသက်ငယ်ငယ်လေးနဲ့ ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ Gကတော့ လူငယ်တွေအတုယူချင်စရာကောင်းလောက်အောင် စိတ်ထားမွန်မြတ်ပါတယ်နော်။Gက အနုပညာကိုလည်းဝါသနာပါတာကြောင့် လက်ရှိမှာဆိုရင် Photo Shootingလေးတွေ ရိုက်နေရပြီး အွန်လိုင်းပေါ်မှာလည်း Live Salesလွှင့်နေရတာဖြစ်ပါတယ်။Gဟာဆိုရင် ငယ်ငယ်ကတည်းက နိုင်ငံခြားမှာပညာသင်ကြားလာခဲ့တာကြောင့် ဉာဏ်ရည်ဉာဏ်သွေးမြင့်မားပြီး အရမ်းတော်တဲ့မိန်းကလေးဖြစ်ပါတယ်။
Gက "ရွှေနန်းတော်"ရဲ့ အမွေဆက်ခံသူတစ်ဦးဖြစ်ပေမယ့် ရိုးရိုးရှင်းရှင်းသာနေထိုင်တတ်ပြီး ကိုယ့်အားကိုယ်ကိုးတဲ့ မိန်းမငယ်လေးတစ်ယောက်ဖြစ်ပါတယ်။Gရဲ့မိဘတွေကလည်း သမီးလိမ္မာလေးကြောင့် အမြဲဂုဏ်ယူနေရတာဖြစ်လို့ သမီးကောင်းရတနာလေးကို အရမ်းချစ်နေရတာဖြစ်ပါတယ်။Gကတော့ လက်ရှိမှာဆိုရင် သူမကိုယ်တိုင်ရှာဖွေစုဆောင်းထားတဲ့ ပိုက်ဆံတွေနဲ့ အလှူအတန်းတွေလုပ်ဆောင်ပြီး အများအကျိုးကို စွမ်းစွမ်းတမံသယ်ပိုးဆောင်ရွက်နေတာဖြစ်ပါတယ်နော်။
အခုဆိုရင်လည်း Gက "ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ"ကိုသွားရောက်ပြီး ချစ်စရာကလေးလေးတွေနဲ့အတူ အချိန်ဖြုန်းခဲ့တာဖြစ်ပါတယ်နော်။Gကတော့" ညီမ နှင့်Penguin Milk Powder နို့မှုန့် တို့ ပူးပေါင်းပြီးဇန်နဝါရီလ (၁၄) ရက်နေ့တွင် ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ မှ ကလေးများ အတွက် ဆန်၊ ဆီ နှင့် နို့မှုန့် တို့ကို လှူဒါန်းခဲ့ပါတယ်။"ဆိုပြီး သူမရဲ့အလှူပုံရိပ်တွေကို လူမှုကွန်ယက်စာမျက်နှာမှာတင်ပေးလာတာဖြစ်ပါတယ်။ဖြူဖြူစင်စင်နဲ့ချစ်စရာကောင်းကြတဲ့ကလေးတွေကို ပွေ့ချီထားပြီး ပျော်ရွှင်နေတဲ့ Gရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source&Photo Credit:G Vocal's Facebook page