ရိုက်ကွင်းမှာ ကိုယ့်သူငယ်ချင်းကိုလက်ကိုင်တာ၊ဖက်တာတွေမြင်ရင် ဝမ်းနည်းမိတယ်ဆိုပြီး သူမတို့ရဲ့သံယောဇဥ်ကိုပြောပြလာတဲ့ယွန်းယွန်း

//s9.kh1.co/9d/9de9e29ce947e1b6ff7ac20add9248a7be530697.jpg
အနုပညာရှင်များ

 ၁၆-ဇန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

ရိုက်ကွင်းမှာ ကိုယ့်သူငယ်ချင်းကိုလက်ကိုင်တာ၊ဖက်တာတွေမြင်ရင် ဝမ်းနည်းမိတယ်ဆိုပြီး သူမတို့ရဲ့သံယောဇဥ်ကိုပြောပြလာတဲ့ယွန်းယွန်း

မင်းသမီးချောလေး ယွန်းယွန်းကတော့ ကလေးဘဝအရွယ်ကတည်းက လူသိများအောင်မြင်လာခဲ့တဲ့ အနုပညာရှင်လေးပဲ ဖြစ်ပါတယ်။ သဇင်ထူးမြင့်ကတော့ ဝါရင့်သရုပ်ဆောင် ခင်လှိုင်ရဲ့သမီးချောလေးဖြစ်ပြီး အကယ်ဒမီရွှေကြိုမယ်လေးအဖြစ် ဆောင်ရွက်ရင်းနဲ့ အနုပညာလောကကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ် ။ (၂၀၁၈) လောက်မှာ စတင်ခင်မင်ခဲ့ကြတဲ့ ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့က အခုဆိုရင် သူငယ်ချင်းအရင်းကြီးတွေဖြစ်နေကြပြီ ဖြစ်ပါတယ် ။

Photo Credit-Yoon Yoon's FB Acc
Photo Credit-Yoon Yoon's FB Acc
Photo Credit-Yoon Yoon's FB Acc
Photo Credit-Yoon Yoon's FB Acc

အသက်ချင်းလည်းတူသလို အကြိုက်တွေကအစ အကုန်တူကြတဲ့ ယွန်းယွန်းတို့သူငယ်ချင်းနှစ်ယောက်က ညီအစ်မတွေလို ချစ်ခင်နေကြတာ ဖြစ်ပါတယ်။ အခုဆိုရင် ယွန်းယွန်းတို့သူငယ်ချင်းနှစ်ယောက်က အစီအစဉ်တစ်ခုကို အတူတူရိုက်ကူးရင်းနဲ့ အရင်ကထက် ပိုတွေ့ဖြစ်လာကြတာ ဖြစ်ပါတယ် ။ ဒီနေ့မှာလည်း ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့က နှစ်ယောက်တည်းဒိတ်လုပ်တဲ့အနေနဲ့ Shopping ထွက်ပြီး လျှောက်လည်ခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Yoon Yoon's FB Acc
Photo Credit-Yoon Yoon's FB Acc
Photo Credit-Yoon Yoon's FB Acc
Photo Credit-Yoon Yoon's FB Acc

အိမ်ပြန်ခါနီးအချိန်လေးမှာတော့ သူမတို့နှစ်ယောက်က Facebook ကနေ Live လွှင့်ပြီး ပရိသတ်တွေနဲ့စကားပြောခဲ့ကြတာ ဖြစ်ပါတယ် ။ ယွန်းယွန်းတို့နှစ်ယောက်က Shopping ထွက်ရင်းကြုံခဲ့ရတဲ့ အလွဲတစ်ခုကိုလည်း ဟာသအနေနဲ့ ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ယွန်းယွန်းက ရိုက်ကွင်းမှာ ကိုယ့်သူငယ်ချင်းကို လက်ကိုင်တာဖြစ်ဖြစ်၊ ဖက်တာဖြစ်ဖြစ်တွေ့ရင် ဝမ်းနည်းမိတဲ့အထိ သူမတို့နှစ်ယောက်က ညီအစ်မတွေလိုချစ်ကြကြောင်း ပြောခဲ့ပါသေးတယ်။ ကဲ ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Yoon Yoon's FB Acc

Photo Credit-Yoon Yoon's FB Acc
Photo Credit-Yoon Yoon's FB Acc
Photo Credit-Yoon Yoon's FB Acc
Photo Credit-Yoon Yoon's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T