မိသားစုပိုင်တဲ့ သံတောင်ဒူးရင်းခြံထဲကိုသွားလည်ရင်းနဲ့ သဘာဝစမ်းချောင်းလေးမှာ ရေအေးအေးလေးချိုးပြီး ပျော်နေကြတဲ့ မောင်တို့စုံတွဲရဲ့ဗီဒီယို

//s9.kh1.co/3b/3bebf05c65e5783de2add924cc042ae647cf0ce6.jpg
အနုပညာရှင်များ

 ၁၆-ဇန်-၂၀၂၁ ၁၀pm · လွန်ခဲ့သော ၃ နှစ် က

မိသားစုပိုင်တဲ့ သံတောင်ဒူးရင်းခြံထဲကိုသွားလည်ရင်းနဲ့ သဘာဝစမ်းချောင်းလေးမှာ ရေအေးအေးလေးချိုးပြီး ပျော်နေကြတဲ့ မောင်တို့စုံတွဲရဲ့ဗီဒီယို

သရုပ်ဆောင် မင်းသားချောလေးမောင်ကတော့ အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ပေမယ့်လည်း ပရိသတ်တွေက အခုချိန်အထိ သူ့ကိုသတိတရနဲ့ အားပေးနေဆဲ ဖြစ်ပါတယ် ။ တစ်ချိန်က ဇာတ်ကားတွေအများအပြားရိုက်ကူးခဲ့တဲ့မောင်က အခုချိန်မှာတော့ ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ် ။ ဆရာဝန်တစ်ဦးလည်းဖြစ်တဲ့ မောင်က သူသင်ယူထားတဲ့ ဆေးပညာနဲ့ အခုလို ကိုဗစ်ကာလမှာ တာဝန်ထမ်းဆောင်ပြီး နိုင်ငံသားကောင်းတစ်ယောက်တာဝန်ကို ကျေပွန်ခဲ့တာလည်း ဖြစ်ပါတယ် ။

Photo Credit-"SEIN PHYO & YI" FB Page
Photo Credit-"SEIN PHYO & YI" FB Page
Photo Credit-Dior By Heart
Photo Credit-Dior By Heart

လက်ရှိမှာတော့ မောင်က ချစ်သူလေး ရီရီပွင့်ဖြူနဲ့အတူ Vlog ဗီဒီယိုလေးတွေ ရိုက်ကူးပြီး တင်ဆက်ပေးနေတာ ဖြစ်ပါတယ် ။ မောင်နဲ့ရီရီတို့စုံတွဲလေးကတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေအပြန်အလှန်ပေးထားပြီး ခိုင်မာတဲ့အချစ်ရေးကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ် ။ ဘယ်သွားသွား မခွဲအတူရှိကြတဲ့ မောင်တို့စုံတွဲလေးက ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သံတောင်ဒူးရင်းခြံထဲကို သွားလည်ရင်းနဲ့ စမ်းချောင်းမှာရေကစားပြီး ပျော်ရွှင်ခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-"SEIN PHYO & YI" FB Page
Photo Credit-"SEIN PHYO & YI" FB Page
Photo Credit-"SEIN PHYO & YI" FB Page
Photo Credit-"SEIN PHYO & YI" FB Page
Photo Credit-"SEIN PHYO & YI" FB Page
Photo Credit-"SEIN PHYO & YI" FB Page
Photo Credit-"SEIN PHYO & YI" FB Page
Photo Credit-"SEIN PHYO & YI" FB Page

မောင်တို့စုံတွဲက " သံ​တောင်ဒူးရင်းခြံ စမ်း​ချောင်း​​လေးက ဘယ်မှာလဲ ဘယ်မှာလဲ ဆို​​မေးကြ​တော့...ခရီးစဥ်စဆုံး​လေးတင်လိုက်ပြီ.. Covid ခရီးသွားစည်းကမ်း​တွေနဲ့အညီ ဘယ်လိုသွားရလဲဆိုတာ​လေးလည်း ​ပြောပြ​ပေးထားပါတယ်..." ဆိုပြီးဗီဒီယိုလေးကို တင်ပေးထားတာ ဖြစ်ပါတယ် ။ မောင်ကတော့ မိသားစုပိုင်တဲ့ သံတောင်ဒူးရင်းခြံမှာ အလုပ်ကိစ္စတွေကို သွားရောက်စစ်ဆေးရေးနဲ့ အားလုံးပြီးတဲ့အချိန်မှာ ချစ်သူလေးနဲ့အတူ ရေဆော့ကစားခဲ့တာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မောင်တို့စုံတွဲရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-"SEIN PHYO & YI" FB Page

Photo Credit-"SEIN PHYO & YI" FB Page
Photo Credit-"SEIN PHYO & YI" FB Page
Photo Credit-"SEIN PHYO & YI" FB Page
Photo Credit-"SEIN PHYO & YI" FB Page
Photo Credit-"SEIN PHYO & YI" FB Page
Photo Credit-"SEIN PHYO & YI" FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T