ပရိသတ်ကြီးရေ.. အောင်မြင်မှုတွေအပြင် အနုပညာလောကမှာ ပရိသတ်တွေချစ်ခင်နေကြရတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်မောင်နှမတွေထဲမှာ သရုပ်ဆောင်အကယ်ဒမီမင်းသမီးချော နန္ဒာလှိုင်နဲ့ မောင်တို့ မောင်နှမနှစ်ယောက်ကလည်း အပါအဝင်ပါပဲ..။
ပွင့်လင်းပြီးနားလည်မှုအပြည့်နဲ့မို့ ပရိသတ်တွေအားလုံးက ချစ်ခင်အားကျနေကြရတဲ့ ဆယ်လီစုံတွဲလေးကတော့ လိုက်ဖက်ပြီး ပွင့်လင်းလွန်းကြတဲ့ သရုပ်ဆောင်မောင်နဲ့ ရီရီပွင့်ဖြူတို့ပဲ ဖြစ်ပါတယ်နော်..။
တစ်ယောက်ကိုတစ်ယောက် အမြဲကြင်နာတတ်ကြပြီး ဂရုတစိုက်နဲ့ချစ်ခင်ကြသလို ပကာသနတွေမပါဘဲ ပွင့်လင်းကြတဲ့ သူတို့စုံတွဲလေးကိုတော့ အမြဲတတွဲတွဲနဲ့ တွေ့မြင်ကြရပြီး နှစ်ယောင်အတူ ကြည်နူးပျော်စရာပုံရိပ်လေးတွေနဲ့လည်း မကြာခဏဆိုသလို အချစ်ပိုစေကြပါတယ်နော်..။
မောင်လို့ ပရိသတ်တွေစတင်သိရှိခဲ့ကြတဲ့ စိန်ဖြိုးလှိုင်ကတော့ စကားပြောပွင့်လင်းသူတစ်ယောက်ဖြစ်သူပီပီ ဝေဖန်သူတွေနဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသားပြောလာပါတယ်နော်..။
"တစ်ချို့ က ကောင်းစေချင်လို့ ဝေဖန်တယ်
တစ်ချို့ က မနာလိုလို့ ဝေဖန်တယ်
တစ်ချို့ က မုန်းလို ဝေဖန်တယ်
တစ်ချို့ က မပါရလို့ ဝေဖန်တယ်....
အပေါ်ဆုံးတစ်ခု ပဲဖြစ်ပါစေ၊ လိပ်ပြာလုံပါစေ။.." ဆိုပြီး ရေးသားပြောပြ ထားတာပဲ ဖြစ်ပါတယ်နော်..။
အဲ့ဒီ့ပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေနဲ့ ခင်မင်ရင်းနှီးသူတွေကလည်း သူ့ရဲ့ပြောစကားလေးကို ထောက်ခံအားပေးကြကာ အားပေးစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်နော်..။
သတင်း အရင်းအမြစ်៖ Sein Phyo Hlaing's Fb Acc