ခြင်ကိုက်တဲ့ ရန်ကနေ ကာကွယ်နိုင်တဲ့ ထူးထူးဆန်းဆန်း နည်းလမ်း

//s9.kh1.co/3d/3d2aadc2cafe7d8518b8eb106e316addebad0817.jpg
ဗဟုသုတအဖြာဖြာ

 ၁၇-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ခြင်ကိုက်ခံရတာကို ကာကွယ်တဲ့ နည်းလမ်းတွေများစွာရှိပေမယ့် ပရိသတ်တွေကို ခြင်အန္တရာယ်ကနေ ကာကွယ်နိုင်မယ့် ထူးထူးခြားခြား နည်းလမ်းလေးတစ်ခုကို ဖော်ပြပေးချင်ပါတယ်။

ဒီနည်းလမ်းလေးကိုတော့ Lund တက္ကသိုလ်က သုတေသနပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တာပဲ ဖြစ်ပြီး တကယ်လည်း ထိရောက်တဲ့ နည်းလမ်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

Photo credit - healthline
Photo credit - healthline

သူတို့တွေ့ခဲ့တဲ့ နည်းလမ်းကတော့ လူ့ခန္ဓာကိုယ်တစ်ခုလုံး ဆေးချယ်ထားမယ်ဆိုရင် ခြင်လိုမျိုး သွေးစုပ်တတ်တဲ့ အကောင်တွေရန်က​နေ ကာကွယ်ပေးနိုင်တယ်ဆိူတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။

ဒီနည်းလမ်းဟာ လူသားတွေရဲ့ ကနဦးအစ ကျောက်ခေတ်ထဲက ရှိခဲ့တာဖြစ်ပီး အဲ့အချိန်တုန်းကတော့ လူတွေဟာ ဒီလိုပိုးမွှားတွေရဲ့ ရန်ကနေကာကွယ်ဖို့အတွက် ခန္ဒာကိုယ်ပေါ်မှာ မြေစေးအဝါတွေကို သုတ်လိမ်းခဲ့တာ ဖြစ်နိုင်တယ်လို့ သုတေသနပညာရှင်တွေက ပြောကြားထားပါတယ်။

Photo credit - healthline
Photo credit - healthline

သု​တေသနပညာရှင်တွေဟာ ၄င်းနည်းလမ်းကို

လူပုံစံ ပလတ်စတစ်ကိုယ်ထည်တွေနဲ့ စမ်းသပ်ခဲ့ပြီး ဘာမှ မလိမ်းထားတဲ့ အညိုရောင် ခန္ဒာကိုယ်ဟာ အဖြူနဲ့ အနက်လိုင်းဆိုးထားတဲ့ ခန္ဒာကိုယ်ထက် ခြင်တွေနဲ့ မှတ်တွေကို ပိုပီးဆွဲဆောင်နိုင်တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ပရိသတ်ကြီးလည်း တစ်ကယ်လို့ ခြင်အလွန်ပေါတဲ့ နေရာတွေကို ရောက်လို့ ခြင်ဆေးခွေမရှိတဲ့အခါ ဒီလိုနည်းလမ်းတွေကို စမ်းသပ်ကြည့်သင့်တယ်လို့ အကြံပေးလိုက်ပါရစေ။

Photo credit - healthline
Photo credit - healthline
Photo credit - healthline
Photo credit - healthline

သတင်း အရင်းအမြစ်Healthline

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T