သဘာဝတရားကြီးကို ဖီဆန်ကာ ထူးဆန်းလှတဲ့ပုံစံနဲ့ မွေးဖွားလာတဲ့ ဆိတ်ကလေး

//s9.kh1.co/17/17086e5523076695bf295cef2aec876338726b2f.jpg
ဗဟုသုတအဖြာဖြာ

 ၁၇-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာဆိုရင်တော့ တရုတ်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ ထူးထူးဆန်းဆန်း ဆိတ်လေးတစ်ကောင်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ဒီဆိတ်လေးကိုတော့ တရုတ်နိုင်ငံအရှေ့ပိုင်း Fuyang မြို့တော်က ရွာလေးတစ်ရွာမှာရှိတဲ့ ဆိတ်ခြံလေးတစ်ခြံမှာ မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo credit - Daily Star
Photo credit - Daily Star

ဒီဆိတ်လေးဟာ အခြားသောဆိတ်တွေနဲ့ မတူပဲ သူ့မှာ ခေါင်းနှစ်လုံး ၊ မျက်လုံးလေးလုံးနဲ့ ပါးစပ်ပေါက်နှစ်ခုတောင်ပါလာခဲ့ပါတယ်။

ဒီဆိတ်လေးရဲ့ မျက်လုံးတွေအားလုံးကလည်း မြင်နိုင်ပြီး သူ့မှာပါတဲ့ ပါးစပ်နှစ်ပေါက်လုံးကလည်း အစားကောင်းကောင်းမွန်မွန်စားနိုင်ခဲ့ပါတယ်။

Photo credit - Daily Star
Photo credit - Daily Star

ဒါပေမယ့် သူ့ကိုမွေးဖွားပေးခဲ့တဲ့ ဆိတ်မကြီးကတော့ မမွေးခင်ကနေ မွေးပြီးအချိန်တော်ကြာတဲ့အထိ ဆိုးဆိုးရွားရွား ဝေဒနါတွေကို ခံစားခဲ့ရပါတယ်။နောက်ထပ် ဆိုးရွားတာတစ်ခုကတော့ သဘာဝတရားကြီးကို ဖီဆန်ကာ ထူးဆန်းလှတဲ့ပုံစံနဲ့ မွေးဖွားလာတဲ့ ဒီဆိတ်ကလေးဟာ အသက်အကြာကြီး မရှင်နိုင်ခဲ့ပါဘူး။

သူ့ကိုမွေးဖွားပြီး လေးရက်အကြာမှာပဲ ဆိတ်ကလေးဟာ သေဆုံးသွားခဲ့ပါတယ်။

Photo credit - Daily Star
Photo credit - Daily Star
Photo credit - Daily Star
Photo credit - Daily Star

သတင်း အရင်းအမြစ်Daily star

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T