ပထမဆုံး ရဟန်းဘဝခံယူခွင့်ရတဲ့ ဘုန်းကြီးကျောင်းအတွက် မ တည်ငွေ သိန်းတစ်ရာကျပ်အလှူပြုခဲ့တယ်ဆိုတဲ့ ပိုင်တံခွန်

//s9.kh1.co/90/900940d23575df9be6b453a4d7e28fe143cb4c1f.jpg
အနုပညာရှင်များ

 ၁၇-ဇန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မော်ဒယ်လ်မင်းသားချောလေး ပိုင်တံခွန်ကတော့ မွန်မြတ်တဲ့အလှူဒါနအတွက် သူကိုယ်တိုင် အလှူပြုရင်း ပရိသတ်တွေကိုပါ လှုံ့ဆော်လိုက်ပြန်ပါတယ်။ ဒါကတော့ " ကျနော်က ဒီဘုန်းကြီးကျောင်းလေးမှာ ဆံချပြီး ရဟန်းဘဝရခဲ့တာပါ။ အဓိက က ကျောင်းလေးက ဆင်းရဲတဲ့ အတွက် ဒီနေရာမှာ သာသနာလုပ်ငန်းတွေ လုပ်ပေးချင်တဲ့ ဆန္ဒ ကြောင့် တခြားကျောင်းမှာ မဝတ်ပဲ ကျနော်ဒီမှာ ရဟန်းဝတ်ခဲ့တာပါ။ ဒီဘုန်ကြီးကျောင်းလေးက အလှူရှင် အရမ်းနည်းပါးတဲ့အပြင် ရဟန်းနေဖို့ အဆောင် ၊ ထမင်းစားဆောင် ၊ တရားချတဲ့အဆောင်၊ စာသင်ဆောင်၊ ရဟန်းတွေ အတွက် အရေးကြီးဆုံးဖြစ်တဲ့ သိမ်ကျောင်းဆောင် ရယ်လို့ ကျောင်းဝင်းထဲမှာ မရှိပါဘူး။ 

Photo credit - Paing Takhon's Facebook Account
Photo credit - Paing Takhon's Facebook Account
Photo credit - Paing Takhon's Facebook Account
Photo credit - Paing Takhon's Facebook Account

သိမ်မရှိတော့ တခြားဘုန်းကြီးကျောင်းမှာ ကျနော်သိမ်ဝင်ရပါတယ်။ ဆရာတော်ကလည်း မေတ္တာကြီးမားသလို ဘယ်သူ့ဆီမှာမှ အလှူလည်းမခံခဲ့ပါဘူး ။ ကျ​နော်က ရဟန်းအဖြစ်နဲ့ ဒီကျောင်းလေးမှာ တစ်ရက်ပဲ ကုသိုလ်ရေးတွေ လုပ်ဖြစ်ခဲ့တယ် ။ပြီးတော့မှ တယောက်တည်း တရားအားထုတ်ချင်လို့ မြဝတီမြို့ကို ထွက်သွားပြီး သစ်တံခါးဆရာတော်ဘုရားကြီးဆီမှာ ရဟန်းဘဝနဲ့ ကုသိုလ်ရေးတွေ လုပ်ပြီး တရားအားထုတ်ခဲ့ပါတယ်။ 

Photo credit - Paing Takhon's Facebook Account
Photo credit - Paing Takhon's Facebook Account
Photo credit - Paing Takhon's Facebook Account
Photo credit - Paing Takhon's Facebook Account
Photo credit - Paing Takhon's Facebook Account
Photo credit - Paing Takhon's Facebook Account

မြဝတီမသွား ခင်မှာလည်း ဆရာတော်ကို ပြောခဲ့ပါတယ် တပည့်တော် လူထွက်လာရင် ဒီကျောင်းကို အစစအရာရာ ပြည့်စုံအောင် မတည်ပြီး လှူဒါန်းပေးမယ်လို့ တယောက်တည်းမနိုင်ရင်လည် ပရိသတ်တွေကိုလည်း နိဗ္ဗာန်ဆော်ပေးမယ်လို့ ပြောခဲ့ပါတယ် အခု ဒီဘုန်းကြီးကျောင်းလေးအတွက် ပထမအနေနဲ့ သိမ်ကျောင်းတိုက်ကို အရင်ဆုံး ဆောက်လုပ်လှူဒါန်းပေးခြင်တဲ့အတွက် ကျနော်ကစပြီး အလှူငွေကျပ် သိန်းတစ်ရာ မတည်လိုပါတယ်။ ပရိသတ်တွေ ကိုလည်း သံသရာ မှာ ကျနော်နဲ့ ရေစက်အတူတူ ပါအောင် ငွေ ၁၀၀၀ / ၁၀၀၀၀ ကစ ပါဝင်လှူဒါန်းပေးပါလို့ နိဗ္ဗာန်ဆော်ပါရစေခင်မျာ " ဆိုပြီး ရေးသားတင်ပေးလာတာဖြစ်လို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်.....။

Photo credit - Paing Takhon's Facebook Account
Photo credit - Paing Takhon's Facebook Account
Photo credit - Paing Takhon's Facebook Account
Photo credit - Paing Takhon's Facebook Account
Photo credit - Paing Takhon's Facebook Account
Photo credit - Paing Takhon's Facebook Account
Photo credit - Paing Takhon's Facebook Account
Photo credit - Paing Takhon's Facebook Account

သတင်း အရင်းအမြစ်Source - Paing Takhon's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T