အချစ်ဆုံးသူငယ်ချင်း ထိပ်ထိပ်လေးစားဖို့အတွက်ပုစွန်တွေကိုယ်တိုင်ခွာကာခွံ့ကျွေးနေတဲ့ အိချောပိုညီမလေးရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/ce/ce9e683d0af80ff0917424e48f7d514bca0f5373.jpeg
အနုပညာရှင်များ

 ၁၇-ဇန်-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းသမီးချောလေး  ခိုင်သင်းကြည်ရဲ့  သမီးချောလေး  စံထိပ်ထားဦးကတော့  မိခင်ဖြစ်သူရဲ့  အနုပညာအမွေကို ဆက်ခံရယူထားသူဖြစ်ပြီး  တက်သစ်စအနုပညာရှင်တစ်ယောက်အဖြစ်  ပရိသတ်တွေရဲ့  အသိမှတ်ပြု  လက်ခံအားပေးခြင်းတွေကို  ရရှိထားတာလည်း  ဖြစ်ပါတယ်။  သူမရဲ့ ပုံစံလေးကလည်း   ဖြူစင်တဲ့ကလေးလေးတစ်ယောက်လို  ချစ်စရာကောင်းလွန်းနေတာလည်း  ဖြစ်ပါတယ်။ ထိပ်ထိပ်လေးဟာ  ပညာရေးဘက်မှာလည်း  ထူးချွန်တာကြောင့်  မိဘတွေကို စိတ်ချမ်းသာစေတဲ့ သမီးအလိမ္မာလေးလည်း ဖြစ်ပါတယ်။

Photo Crd-San Htate Htar Oo’s IG Account

ထိပ်ထိပ်လေးဟာ  လတ်တလောမှာတော့  အနုပညာလှုပ်ရှားမှုတွေ  ခေတ္တရပ်နားထားပြီး  အိမ်မှာနေရင်း  မိသားစုနဲ့အတူ  ကြည်နူးစရာကောင်းတဲ့  အချိန်လေးတွေ  ကုန်ဆုံးနေတာလည်း  ဖြစ်ပါတယ်။  တစ်ခါတစ်ရံမှာလည်း  သူငယ်ချင်းနဲ့အတူ  မုန့်ထွက်စားလေ့ရှိပြီး  သူမရဲ့ လှုပ်ရှားမှုလေးတွေကို  တင်ပေးတတ်တာလည်း  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  ထိပ်ထိပ်လေးရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုဖိုင်လေးတစ်ခု တင်ထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-San Htate Htar Oo’s IG Account
Photo Crd-San Htate Htar Oo’s IG Account
Photo Crd-San Htate Htar Oo’s IG Account
Photo Crd-San Htate Htar Oo’s IG Account
Photo Crd- San Htate Htar Oo’s Tik Tok Account
Photo Crd- San Htate Htar Oo’s Tik Tok Account

ဒါကတော့  အိမ်နေရင်းပုံစံလေးကနေ  ခပ်မိုက်မိုက်ဒီဇိုင်းလေးကို  ပြောင်းလဲဝတ်ဆင်ပြလိုက်တာပဲ  ဖြစ်ပါတယ်။  ထိပ်ထိပ်လေးဟာ  သရုပ်ဆောင်  အိချောပိုရဲ့ ညီမငယ်လေးနဲ့  အခင်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး  ဘယ်သွားသွားအမြဲတူတူသွားလေ့ရှိတာလည်း  ဖြစ်ပါတယ်။  စံထိပ်ထားဦးရဲ့ Instagram Story တွင်လည်း " ပုစွန်ကိုသေချာခွာပြီးခွံ့ကျွေးနေတဲ့သူငယ်ချင်းလိုမျိုး Ro နိုင်မှသူမရဲ့ဘဝထဲဝင်လာပါ" ဆိုပြီး ဗီဒီယိုဖိုင်လေးကိုပါ တင်ထားတာကြောင့်  ပရိသတ်တွေအတွက်  တစ်ဆင့်  ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- San Htate Htar Oo’s IG and Tik Tok Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T