တောထဲမှာ လေးဂွနဲ့လျှောက်ပစ်ပြီး ကြက်သွန်တွေကိုလိုက်နှုတ်ကာ မြို့ပြနဲ့ဝေးလို့အရမ်းပျော်ရွှင်နေတဲ့ စစ်လွန်းဝတီထက်

//s9.kh1.co/2e/2e05b89610f51efd710abd3f04d3ab365c1f981f.jpg
အနုပညာရှင်များ

 ၁၈-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

တောထဲမှာ လေးဂွနဲ့လျှောက်ပစ်ပြီး ကြက်သွန်တွေကိုလိုက်နှုတ်ကာ မြို့ပြနဲ့ဝေးလို့အရမ်းပျော်ရွှင်နေတဲ့ စစ်လွန်းဝတီထက်

ပရိသတ်ကြီးရေ အဆိုတော်၊သရုပ်ဆောင်စိုင်းလွှမ်းကတော့ အခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ကိုင်နေဆဲဖြစ်ပါတယ်နော်။စိုင်းလွှမ်းက သမီးချောလေးစစ်လွန်းဝတီထက်ကိုလည်း လိုလေသေးမရှိအောင်ထားပေးပြီး ပျော်ရွှင်မှုတွေသာအမြဲဖန်တီးပေးတဲ့ဖခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။စိုင်းလွှမ်းတို့သားအဖနှစ်ယောက်က တစ်ယောက်အပေါ်တစ်ယောက်မှီခိုအားထားကြပြီး နွေးထွေးမှုအပြည့်နဲ့ချစ်ကြတဲ့မိသားစုလေးဖြစ်ပါတယ်နော်။

Photo Credit:Sai Hlwan's Facebook Account

စစ်လွန်းဝတီထက်လေးက အခုဆိုရင် (၁၀)နှစ်အရွယ်ကိုရောက်ရှိလာပြီး တစ်နေ့တခြား ပိုပိုချစ်ဖို့ကောင်းလာပါတယ်နော်။စစ်လွန်းလေးက ဖေဖေ့အပေါ်မှာလည်း သိတတ်နားလည်ပြီး လိမ္မာရေးခြားရှိတဲ့ကလေးလေးဖြစ်ပါတယ်။စိုင်းလွှမ်းကလည်း သမီးလေးငယ်စဉ်ကတည်းက လက်ပွန်းတတီးနေထိုင်ခဲ့ပြီး သေချာဆုံးမသင်ကြားလာတာဖြစ်ပါတယ်။စိုင်းလွှမ်းကတော့ ဘယ်နေရာကိုမဆို သမီးလေးကိုခေါ်သွားလေ့ရှိပြီး ဘေးနားမှာအမြဲထားတာဖြစ်ပါတယ်နော်။ 

Photo Credit:Sai Hlwan's Facebook Account
Photo Credit:Sai Hlwan's Facebook Account
Photo Credit:Sai Hlwan's Facebook Account
Photo Credit:Sai Hlwan's Facebook Account

အခုဆိုရင်တော့ စိုင်းလွှမ်းတို့သားအဖနှစ်ယောက်က စစ်ကိုင်းတိုင်း ရွှေဘို၊မုံရွာ လမ်းဆုံအုန်းတောကျေးရွာမှာရှိတဲ့ သီရိဓမ္မာသောကမင်းကြီးရဲ့ ကိုးတိုင်းကိုးဌာနသာသနာပြုအဖွဲ့တည်ထားခဲ့သော ရှေးဟောင်းဘုရားစေတီတော်မှာ သွားရောက်လှူဒါန်းကြတာဖြစ်ပါတယ်။စစ်လွန်းလေးကလည်း မြို့ပြနဲ့ဝေးတဲ့နေရာလေးမှာ အရမ်းပျော်နေလို့ တောထဲမှာလေးဂွနဲ့လျှောက်ပစ်ပြီး ကြက်သွန်တွေလိုက်နှုတ်နေတာဖြစ်ပါတယ်။စိုင်းလွှမ်းကတော့ သမီးလေးရဲ့ချစ်စရာအမူအရာလေးတွေကို ဓာတ်ပုံအမိအရရိုက်ထားပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။ 

Photo Credit:Sai Hlwan's Facebook Account
Photo Credit:Sai Hlwan's Facebook Account
Photo Credit:Sai Hlwan's Facebook Account
Photo Credit:Sai Hlwan's Facebook Account
Photo Credit:Sai Hlwan's Facebook Account
Photo Credit:Sai Hlwan's Facebook Account

Source&Photo Credit:Sai Hlwan's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T