သူတို့နှစ်ယောက်ကိုချစ်တဲ့ပရိသတ်တစ်ယောက်ကလုပ်ပေးထားတဲ့စီရော်နယ်ဒိုနဲ့ပိုင်တံခွန်ရဲ့အမိုက်စား Tik Tok ဗီဒီယိုဖိုင်

//s9.kh1.co/c1/c15713803cd0ac721f7b4db11662589ddc0b0c57.jpeg
အနုပညာရှင်များ

 ၁၈-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းသားချောလေး  ပိုင်တံခွန်ရဲ့  နာမည်ဂုဏ်သတင်းကျော်ဇောမှုတွေကတော့  မြန်မာနိုင်ငံတွင်သာမကဘဲ  အရှေ့တောင်အာရှနိုင်ငံများအထိတောင်  ပေါက်ရောက်အောင်မြင်နေပြီပဲ  ဖြစ်ပါတယ်။  တရုတ်နိုင်ငံက  နှုတ်ခမ်းနီမလေးတွေတောင်  သည်းသည်းလှုပ်အားပေးလာရတဲ့အထိ  သူ့ရဲ့  အောင်မြင်မှုတွေက  မြန်မာနိုင်ငံရဲ့ဂုဏ်ယူစရာကောင်းလွန်းလှတဲ့  အရာတစ်ခုပဲ  ဖြစ်ပါတယ်။  အနုပညာရှင်ညီအစ်ကိုမောင်နှများကလည်း  ပိုင်တံခွန်ရဲ့  အောင်မြင်မှုတွေအတွက်  ထပ်တူ ဝမ်းသာကြည်နူးပျော်ရွှင်နေကြတာလည်း  ဖြစ်ပါတယ်။

Photo Crd- Paing Takhon’s Facebook Page 
Photo Crd- Paing Takhon’s Facebook Page 
Photo Crd- Paing Takhon’s Facebook Page 
Photo Crd- Paing Takhon’s Facebook Page 
Photo Crd- Paing Takhon’s Facebook Page 
Photo Crd- Paing Takhon’s Facebook Page 

သူဟာ မိဘတွေအပေါ်မှာလည်း  သိတတ်လိမ္မာလွန်းတဲ့  သားလိမ္မာလေးတစ်ဦးပဲဖြစ်ပြီး  အလှူအတန်းတွေကိုလည်း  အမြဲလုပ်ကိုင်တတ်တဲ့  လူငယ်လေးပဲ  ဖြစ်ပါတယ်။  ချစ်သူလေးကလည်း ပိုင်တံခွန်ရဲ့ တစ်ရှိန်ထိုးတိုးတက်အောင်မြင်မှုတွေကို ဘေးကနေကြည့်ပြီး ပီတိဖြစ်နေတာလည်း  ဖြစ်ပါတယ်။  အစ်မဖြစ်သူ  မေချစ်သွေးကလည်း  ပိုင်တံခွန်အတွက်  အင်တာနေရှင်နယ် Fan Page လေးဖွင့်ပေးထားတာပဲဖြစ်ပြီး   သူ့ရဲ့လှုပ်ရှားမှုတွေတိုင်းကို တင်ပေးသွားမှာဖြစ်တယ်လို့လည်း  သတင်းစကားပါးထားသေးတာပဲ  ဖြစ်ပါတယ်။

Photo Crd- Paing Takhon’s Facebook Page 
Photo Crd- Paing Takhon’s Facebook Page 
Photo Crd- Paing Takhon’s Facebook Page 
Photo Crd- Paing Takhon’s Facebook Page 
Photo Crd- May Chit Thway’s Facebook Account 
Photo Crd- May Chit Thway’s Facebook Account 

မကြာသေးခင်  မိနစ်ပိုင်းလောက်ကလည်း မေချစ်သွေးရဲ့Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ  ဖြစ်ပါတယ်။  ဒါကတော့  ကမ္ဘာကျော်ဘောလုံးကစားသမားစီရော်နယ်ဒိုတောင်ပိုင်တံခွန်ရဲ့Talentတွေကိုကြည့်ပြီးလက်ဖျားခါရလောက်တဲ့အထိ အံ့ဩခဲ့ရတဲ့ ဗီဒီယိုဖိုင်လေးပဲ  ဖြစ်ပါတယ်။  ဒီဗီဒီယိုဖိုင်လေးကိုတော့  သူတို့နှစ်ယောက်ကိုချစ်ကြတဲ့ ပရိသတ်တွေက အမှတ်တရဖြစ်အောင်လုပ်ပေးထားတာပဲ  ဖြစ်ပါတယ်။

ပိုင်တံခွန်တစ်ယောက် နိုင်ငံတကာမှာလည်း  ဒီ့ထက်အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ပါစေလို့ဆုတောင်းပေးရင်း  သူ့ရဲ့ဗီဒီယိုဖိုင်လေးကိုလည်း  ပရိသတ်တွေ  ကြည့်ရှုခံစားနိုင်အောင်  တစ်ဆင့်  ပြန်လည်  ကူးယူတင်ဆက်ပေးလိုက်  ရပါတယ်နော်။

Source and Photo Crd- Paing Takhon’s Facebook Page and May Chit Thway’s Facebook Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T