ထူးခြားတဲ့အပြင်အဆင်လေးတွေနဲ့ သပ်ရပ်လှပစွာဆောက်လုပ်ထားတဲ့ ဥက္ကာဦးသာရဲ့ချစ်စရာအိမ်လေးကို အလည်သွားခဲ့တဲ့ ဖိုးကာ

//s9.kh1.co/f3/f3084fe5a4dfbf6f6979b41b8b91c641677e2383.jpg
အနုပညာရှင်များ

 ၁၈-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ထူးခြားတဲ့အပြင်အဆင်လေးတွေနဲ့ သပ်ရပ်လှပစွာဆောက်လုပ်ထားတဲ့ ဥက္ကာဦးသာရဲ့ချစ်စရာအိမ်လေးကို အလည်သွားခဲ့တဲ့ ဖိုးကာ

အဆိုတော် ဖိုးကာကတော့ အသံချိုချိုအေးအေးလေးနဲ့ သီချင်းတွေကို နားဆင်သူပရိသတ်တွေရဲ့ရင်ထဲထိရောက်အောင် သီဆိုနိုင်သူပဲ ဖြစ်ပါတယ် ။ ဟိုးအရင်ကတည်းက ဂီတလောကမှာ ဆယ်စုနှစ်ကျော်ကြာအောင် ထွန်းတောက်အောင်မြင်ခဲ့တဲ့ ဖိုးကာက အခုချိန်အထိ သူမြတ်နိုးတဲ့သီချင်းတွေကို ဆက်လက်ဖန်တီးနေဆဲ ဖြစ်ပါတယ် ။ ဖိုးကာကိုတော့ လူကြီးလူငယ်မရွေး နှစ်ခြိုက်အားပေးကြတာဖြစ်ပြီး သူ့ရဲ့သီချင်းတွေကလည်း အခုထိရေပန်းစားနေတာ ဖြစ်ပါတယ် ။

Photo Credit-Phoe Kar's FB Acc
Photo Credit-Phoe Kar's FB Acc
Photo Credit-Phoe Kar's FB Acc
Photo Credit-Phoe Kar's FB Acc

လတ်တလောမှာတော့ ဖိုးကာက ပွဲအခမ်းအနားတွေနဲ့ ဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေတာပဲ ဖြစ်ပါတယ် ။ သားတစ်ယောက်၊သမီးတစ်ယောက်ရဲ့ဖခင်ဖြစ်တဲ့ ဖိုးကာက ကလေးတွေကို ရင်အုပ်မကွာစောင့်ရှောက်ပြီး ဖခင်ကောင်းပီသစွာ တာဝန်ကျေပွန်နေတာလည်း ဖြစ်ပါတယ် ။ သူ့ရဲ့လှုပ်ရှားမှုတွေကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် အမြဲမျှဝေပေးလေ့ရှိတဲ့ ဖိုးကာက အခုလည်း ခင်မင်ရင်းနှီးရတဲ့မိတ်ဆွေတစ်ယောက်ဆီကို သွားရောက်လည်ပတ်ခဲ့ကြောင်း ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။

Photo Credit-Phoe Kar's FB Acc
Photo Credit-Phoe Kar's FB Acc
Photo Credit-Phoe Kar's FB Acc
Photo Credit-Phoe Kar's FB Acc

ဖိုးကာက "ကိုဥက္ကာရဲ့ ချစ်စရာအိမ်ကလေး" ဆိုပြီး Music Director ကိုဥက္ကာဦးသာရဲ့အိမ်မှာ အမှတ်တရဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ် ။ ဖိုးကာကတော့ သပ်ရပ်လှပပြီး အရမ်းကိုနေချင်စရာကောင်းတဲ့ ကိုဥက္ကာရဲ့အိမ်လေးကို သူငယ်ချင်းစည်သူလွင်နဲ့အတူ သွားရောက်လည်ပတ်ခဲ့တာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် တေးသံရှင်ဖိုးကာနဲ့ ကိုဥက္ကာဦးသာတို့ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Phoe Kar's FB Acc

Photo Credit-Phoe Kar's FB Acc
Photo Credit-Phoe Kar's FB Acc
Photo Credit-Oakka Oo Thar's FB Acc
Photo Credit-Oakka Oo Thar's FB Acc
Photo Credit-Phoe Kar's FB Acc
Photo Credit-Phoe Kar's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T