ကိုယ်ပြုတဲ့ ကံ တွေကြောင့် စိတ်ဆန္ဒတွေပြည့်ဝလာလို့ ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာကို ပြန်လည်မျှဝေပေးလာပြီး ကျဲကျဲကို အရမ်းချစ်တယ်လို့ ပြောလိုက်တဲ့ မေဦး

//s9.kh1.co/55/55a43c794a65a7debe58de8e011fd9fcc4a8e628.jpg
အနုပညာရှင်များ

 ၁၈-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခေါက်မှာတော့ ဆန်သစ်လှတဲ့ မိတ်ကပ်တွေကို ပြုပြင်ပေးနေတဲ့ နိုင်ငံကျော်မိတ်ကပ်ဖန်တီးရှင် မေဦးပဲဖြစ်ပါတယ်။ သူကတော့ မြန်မာနိုင်ငံအတွင်း မှာ လိင်တူချစ်သူနဲ့ အိမ်ထောင်ပြုထားတဲ့ အတွဲတွေ ထဲက တစ်တွဲပဲဖြစ်ပါတယ်။ မေဦး ဟာ LGBT တစ်ယောက်ဖြစ်လို့ ပတ်ဝန်းကျင် ရဲ့ အပစ်တင်ရှုံ့ ချခြင်းကို ခံခဲ့ ရသော်လည်း အားမလျော့ပဲ ကြိုးစားပြီး သူ့ လိင်တူ ချစ်သူရဲ့ ဂရုဆိုက်ကြင်နာမှုတွေကြောင့် ရှေ့ဆက်လျှောက်လှမ်းကာ ယခုဆိုရင် နိုင်ငံရဲ့ ထိပ်တန်း မိတ်ကပ်ဖန်တီးရှင် တစ်ယောက် အနေနဲ့ အောင်မြင်မှုတွေ ရရှိနေတာ ပဲဖြစ်ပါတယ်။

Photo Crd - May Oo Facebook account
Photo Crd - May Oo Facebook account
Photo Crd - May Oo Facebook account
Photo Crd - May Oo Facebook account

ယခုအခါမှာတော့ သူရဲ့ ဆွမ်းကပ်ခြင်းကျေးဇူးကြောင့် ဆန္ဒတွေပြည့်ဝလာတာကို “၁၅ ရက်မြောက်အာရုံဆွမ်း ဆွမ်းကပ်နေရင်းစိတ်ဆန္ဒလေးတွေပြည့်လာတဲ့အကြောင်းလေးပြောပြပါရစေ မေဦးက ရှမ်းခေါက်ဆွဲအရမ်းကြိုက်တော့ ကိုယ်စားသလိုဘုရားကိုအရမ်းကပ်ချင်တာဆွမ်းကပ်တဲ့ ၆ ရက်မြောက်နေ့ကတည်းက ရှမ်းခေါက်ဆွဲလေး အရမ်းကပ်ချင်နေတာပါ ဒါပေမယ့် မနက်စောစောဆိုတော့ဆိုင်တွေလည်းမဖွင့် ကိုယ်လည်းမလုပ်တက်တော့အဆင်မပြေသို့ပေမယ့် စိတ်ထဲမှာသဒ္ဒါစိတ်များနေတော့ ဆန္ဒပြည့်ဖို့ လုပ်ပေးမယ့်သူအလိုလိုပေါ်လာပါတယ်” ဆိုပြီး ဖော်ပြထားတာပဲဖြစ်ပါတယ်။

Photo Crd - May Oo Facebook account
Photo Crd - May Oo Facebook account
Photo Crd - May Oo Facebook account
Photo Crd - May Oo Facebook account

ဆက်လက်ပြီး သူရရှိလာတဲ့ အကျိုးတွေကို “ခေါက်ဆွဲအိမ်နဲ့ ချဉ်ငံံစပ်ဆိုင်ရဲ့ပိုင်ရှင် ကျဲကျဲကိုယ်တိုင်ကမေဦးကိုဖုန်းဆက်ပြီး ရှမ်းခေါက်ဆွဲနဲ့အချိုပွဲတွေလုပ်ပေးချင်တယ်ပြောတော့ အရမ်းဝမ်းသာသွားပါတယ် ကိုယ်မပြောပေမယ့်အလိုလိုပြည့်ဝသွားတဲ့အတွက်ကြောင့် ဘုရားတရားလုပ်ရတဲ့စွမ်းအားကြီးမားမှုကို ပိုလက်ခံလာတဲ့အတွက်အရင်ထက်ပိုပြီးလုပ်ဖို့ စိတ်ပိုပြင်းပြလာပါတယ်ဒါ့ကြောင့် ၇ ရက်သားသမီးများလည်းဒါန ကုသိုလ်နဲ့ ဘုရားတရား အလုပ်ပိုလုပ်ကြဖို့တိုက်တွန်းပါတယ်…..။ကျဲကျဲရေ ပြုပြုသမျှကိုသိုလ်အမျှပေးဝေပါတယ်နော် ကျဲကျဲလည်းလိုအင်ဆန္ဒတွေပြည့်ဝပါစေ….. အရမ်းချစ်တယ်” ဆိုပြီး မျှဝေလာတာ ကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်နော်…။

Photo Crd - May Oo Facebook account
Photo Crd - May Oo Facebook account
Photo Crd - May Oo Facebook account
Photo Crd - May Oo Facebook account
Photo Crd - May Oo Facebook account
Photo Crd - May Oo Facebook account

သတင်း အရင်းအမြစ်May Oo Facebook account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T