သူ့အတွက်မပါဘဲ ခင်ပွန်းသည်ဏကြီးကိုသာ မုန့်တွေပို့ပေးလိုက်တဲ့ ဒေါင်းကို ထိမိလှတဲ့စကားတစ်ခွန်းပြောလိုက်တဲ့ ပိုင်ဖြိုးသု

//s9.kh1.co/cf/cffab3ba2b705c959abb6be811acb27656ca265d.jpeg
အနုပညာရှင်များ

 ၁၈-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပါဝင်ရိုက်ကူးတဲ့  ဇာတ်ကားတိုင်း  သဘာဝကျကျသရုပ်ဆောင်နိုင်ခဲ့တာကြောင့်  ပရိသတ်တွေရဲ့ တစ်ခဲနက်  အားပေးမှုတွေကို  ရရှိထားသူကတော့  သရုပ်ဆောင်  မင်းသမီးချောလေး  ပိုင်ဖြိုးသုပဲ  ဖြစ်ပါတယ်။  သူမဟာ  ဆယ်စုနှစ်ကျော်တိုင်အောင်  အနုပညာအလုပ်တွေကို  တစ်စိုက်မတ်မတ်လုပ်ကိုင်ချင်တာကြောင့်  ဆရာဝန်အလုပ်ကိုပါ  စွန့်လွှတ်ခဲ့တာလည်း  ဖြစ်ပါတယ်။  တစ်ကားထက်တစ်ကားလည်း  သရုပ်ဆောင်  ပီပြင်ကောင်းမွန်လာတာကြောင့်  အကယ်ဒမီထူးချွန်ဆုကိုပါ ရရှိထားတာလည်း  ဖြစ်ပါတယ်။

Photo Crd- Paing Phyoe Thu’s Facebook Account 

သုသုဟာ  အနုပညာဝမ်းစာလုံလောက်စေရန်အတွက်လည်း  ပြည်ပနိုင်ငံများတွင်လည်း  ပညာသွားရောက်သင်ကြားခဲ့သေးတာပဲ  ဖြစ်ပါတယ်။  ခင်ပွန်းဖြစ်သူကလည်း  ဘေးကနေ အနုပညာအလုပ်တွေနဲ့ ပတ်သတ်ပြီး အမြဲ ပြောဆိုလမ်းညွှန်ပြသမှုတွေကြောင့်လည်း  သုသုတစ်ယောက်  စိတ်ချမ်းသာ ပျော်ရွှင်နေရတာလည်း  ဖြစ်ပါတယ်။  မကြာသေးခင်  ရက်ပိုင်းလောက်ကလည်း  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ စာလေးတွေ ရေးသားထားတာပဲ  ဖြစ်ပါတယ်။

Photo Crd- Paing Phyoe Thu’s Facebook Account 
Photo Crd- Paing Phyoe Thu’s Facebook Account 
Photo Crd- Paing Phyoe Thu’s Facebook Account 
Photo Crd- Paing Phyoe Thu’s Facebook Account 
Photo Crd- Paing Phyoe Thu’s Facebook Account 
Photo Crd- Paing Phyoe Thu’s Facebook Account 

ဒါကတော့  သူ့အတွက်မပါဘဲ ကိုဏကြီးကိုသာမုန့်လက်ဆောင်ပို့ပေးလိုက်တဲ့ မင်းသားချောလေးဒေါင်းကိုစနောက်ကျီစယ်လိုက်တာပဲ  ဖြစ်ပါတယ်။ သုသုကလည်း " ဟဲ့....

ငါ့ကိုကျွေးတာဟုတ်ဟုတ်မဟုတ်ဟုတ်...ငါ့ယောကျာ်းဆီပို့တဲ့မုန့်ငါ့မုန့်ပဲ...

ဟွင်း...ဟွင်း...ဟွင်း ??"  ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပါတယ်။  သုသုနဲ့ ဒေါင်းဟာ  ကားရိုက်တွေမှာလည်းဆုံဖူးပြီး သူငယ်ချင်းအရင်းတွေလို ပေါင်းသင်းဆက်ဆံနေကြတာလည်း  ဖြစ်ပါတယ်။  ပရိသတ်တွေအတွက်  ဒီသတင်းလေးကို တစ်ဆင့် ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Paing Phyoe Thu’s Facebook Account 

Photo Crd- Paing Phyoe Thu’s Facebook Account 
Photo Crd- Paing Phyoe Thu’s Facebook Account 
Photo Crd- Paing Phyoe Thu’s Facebook Account 
Photo Crd- Paing Phyoe Thu’s Facebook Account 
Photo Crd- Paing Phyoe Thu’s Facebook Account 
Photo Crd- Paing Phyoe Thu’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T