ထိုင်းဗိုလ်ချုပ်ကြီးဟောင်းပါဝင်နေတဲ့လူကုန်ကူးမှုမှမြန်မာနိုင်ငံသားတွေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလည်းပါဝင်နေပါသလိုစစ်ဆေးတွေ့ရှိချက်အရ တရားရုံးကပါဝင်သူတွေကိုထောင်ဒဏ်အသီးသီးချမှတ်လိုက်ကြောင်း ABC News မှာဖော်ပြထားပါတယ်။ 

ထိုင်းဗိုလ်ချုပ်ကြီးဟောင်း မန်နက်စ်ခွန်ပေါင်ကို လူကုန်ကူးမှုနဲ့ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့တဲ့အတွက် တရားရုံးက ထောင်ဒဏ် (၂၇)နှစ် ချမှတ်လိုက်တာပါ။ ၂၀၁၅ခုနှစ်က ထိုင်း-မလေးရှားနယ်စပ်မှာ မြေမြုပ်ထားတဲ့ အလောင်း (၄၀)နီးပါးကို တွေ့ရှိခဲ့ပြီးနောက် စုံစမ်းစစ်ဆေးခဲ့ရာမှာလူကုန်ကူးမှုနဲ့ သံသယရှိသူ (၁၀၀)ကျော်ကို တရားစွဲဆိုခဲ့ပြီး အဆိုပါသံသယရှိသူတွေထဲနက် ဗိုလ်ချုပ်ကြီးဟောင်းအပါအဝင် ပြည်နယ်နိုင်ငံရေးသမား(၂)ဦးနဲ့ ရဲအရာရှိတွေလည်းပါဝင်နေကြောင်း သတင်းမှာဖော်ပြထားပါတယ်။ 

တရားရုံးကဗိုလ်ချုပ်ကြီးဟောင်းအပါအဝင်သံသယရှိသူ(၆၀)ကျော်ကိုပြစ်မှုထင်ရှားကြောင်းထုတ်ပြန်ခဲ့ပြီးအခြားထိပ်သီးအရာရှိဟောင်းတစ်ဦးကိုတော့ ထောင်ဒဏ်(၇၅)နှစ် ချမှတ်လိုက်ပါတယ်။ အခြားတရားခံတွေကိုတော့ ထောင်ဒဏ်(၄)နှစ်ကနေ (၉၄)နှစ်အထိ ပြစ်ဒဏ် အသီးသီးချမှတ်လိုက်ပါတယ်။

Aung

သတင်းအရင်းမြစ် ABC News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။