တစ်အိမ်လုံးပတ်ဆော့နေတဲ့ ချစ်တူလေးကို ဗီဒီယိုအမိအရလိုက်ရိုက်ပြီး အာဘွားတွေအတင်းပေးခိုင်းနေတဲ့ ဝတ်မှုံရွှေရည်

//s9.kh1.co/13/13c5abe2b063628324c0bcfdbbc64eaee00bf189.jpg
အနုပညာရှင်များ

 ၁၈-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ရွှေကစ်လို့ အားလုံးက ချစ်စနိုးခေါ်ကြပြီး ဆွဲဆောင်မှုရှိပြီး ကျော့ရှင်းတဲ့ အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားကာ ယောကျ်ားလေး မိန်းကလေးမရွေး အားလုံးက ချစ်ခင်နေကြရသူလေးကတော့ ဝတ်မှုံရွေရည်ပဲ ဖြစ်ပါတယ်နော်..။

ရွှေကစ်လေးကတော့ သဘာဝကျတဲ့ဇာတ်ရုပ်တွေနဲ့ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးထားပြီး သရုပ်ဆောင်ကောင်းလွန်းတာကြောင့် အကယ်ဒမီဆုတွေကို ရရှိထားတဲ့ အပြင် နိုင်ငံကျော်မင်းသမီးလေးအဖြစ် ပြည်ပနိုင်ငံတွေအထိပါ အောင်မြင်နေသူလေးပါ..။

Photo Credit - Jason
Photo Credit - Jason
Photo Credit - Wutt Hmone Shwe Yi's Fb Acc
Photo Credit - Wutt Hmone Shwe Yi's Fb Acc

ချစ်စရာကောင်းလွန်းလို့ အားလုံးကတစ်ခဲနက်အားပေးချစ်ခင်နေကြရတဲ့ ရွှေကစ်လေးဟာ သူမရဲ့အနုပညာလှုပ်ရှားမှုလေးတွေကို အမြဲဝေမျှတတ်သလို မိသားစုလှုပ်ရှားမှုလေးတွေကိုလည်း ဝေမျှကာ အချစ်ကိုစေတာလည်း တွေ့ရပါတယ်..။

အခုတစ်ခါမှာလည်း ရွှေကစ်လေးတစ်ယောက် ချစ်ရတဲ့တူလေးနဲ့အတူ အားလပ်ရက်လေးမှာ အချိန်ပေးဖြတ်သန်းနေပြီး တစ်အိမ်လုံးပတ်ကစားနေတဲ့ တူလေးကို နောက်ကနေဗီဒီယိုလေးအမိအရရိုက်ပြီး ချစ်မဝဖြစ်လို့ နေပါတယ်နော်..။

Photo Credit - Wutt Hmone Shwe Yi's Fb Acc
Photo Credit - Wutt Hmone Shwe Yi's Fb Acc
Photo Credit - Wutt Hmone Shwe Yi's IG Acc
Photo Credit - Wutt Hmone Shwe Yi's IG Acc

အိမ်ထဲပတ်ဆော့နေတဲ့ ချစ်တူလေးကို ဗီဒီယိုအမိအရလိုက်ရိုက်ပြီး အာဘွားတွေအတင်းပေးခိုင်းနေတဲ့ ရွှေကစ်လေးနဲ့ တူလေးကတော့ ချစ်စရာကောင်းလွန်းနေကြပြီး သူမတို့တူးဝရီးနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေသဘောကျနေကြဦးမှာပါနော်..။

ကဲ.. ဒီကနေ့လေးမှာတော့ ပြည်သူ့အသည်းကျော်လေး ဝတ်မှုံရွှေရည်နဲ့အတူ တူချောလေးကို ချစ်မဝဖြစ်နေတဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအားလုံးအတွက် အလွမ်းပြေလေး ဝေမျှပေးလိုက်ပါတယ်နော်..။

Photo Credit - Wutt Hmone Shwe Yi's IG Acc
Photo Credit - Wutt Hmone Shwe Yi's IG Acc
Photo Credit - Wutt Hmone Shwe Yi's IG Acc
Photo Credit - Wutt Hmone Shwe Yi's IG Acc

သတင်း အရင်းအမြစ်Wutt Hmone Shwe Yi's IG Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T