ကမ္ဘာကြီးပေါ်မှာ အမှန်တကယ် တည်ရှိတယ်ဆိုတဲ့ ရေသူမတွေရဲ့ ပုံရိပ်များ

//s9.kh1.co/db/db9d4ee9794a3b6e825929df2b9b75f8c919beed.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးကို အခုတစ်ခါ ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ထူးခြားဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ရေပြင်ကျယ်ကြီးထဲမှာ ရေသူမတွေ တစ်ကယ်ရှိလားဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး သိတဲ့အတိုင်း ကျွန်တော်တို့ ကမ္ဘာမြေကြီးရဲ့ သမုဒ္ဓရာတွေထဲမှာ ထူးဆန်းလွန်းလှတဲ့ သက်ရှိများစွာ ရှင်သန် ကျက်စားနေကြတာပဲ ဖြစ်ပါတယ်။ ဒီအထဲမှာမှ ဟိုးရှေးခေတ်ကတည်းက လူတွေပါးစပ်ဖျားမှာ အပြောများလေ့ရှိကြတဲ့ ရေသူမတွေ အကြောင်းဟာလည်း ယနေ့အချိန်အထိ အငြင်းပွားချင်စရာအကောင်းဆုံး အကြောင်းအရာ တစ်ခုအဖြစ်ရှိလို့နေပါတယ်။

https://s9.kh1.co/__image/w=600,h=776,q=100/38/38623b92b0310a777206b549bdc08feee16a4df5.jpg
https://s9.kh1.co/__image/w=600,h=353,q=100/d6/d64abf1d49a46386124f773aa7b657f67b2f229c.jpg

ရေသူမတွေအကြောင်းနဲ့ ပတ်သက်ပြီး ပါးစပ်ရာဇဝင်တွေလည်း ရှိခဲ့သလို ဒဏ္ဍာရီအမျိုးမျိုးဟာလည်း သမိုင်းစာမျက်နှာ ကျန်ရှိလို့နေပါတယ်။ အထင်ရှားဆုံး ဂရိဒဏ္ဍာရီရဲ့ အဆိုအရ ရေသူမတွေဟာ ဒဏ္ဍာရီထဲက ဂရိနတ်ဘုရားမ Atargatis ကနေ စခဲ့တယ်လို့ ဆိုကြပါတယ်။ Atargatis ဟာ လူသားတစ်ယောက်နဲ့ ချစ်ကြိုက်မိပြီး အဆိုပါလူသားကို မတော်တဆသတ်မိတဲ့အတွက် သူမကိုယ်သူမ အပြစ်ပေးတဲ့အနေနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကိုလူ၊ အောက်ပိုင်းပို ငါးအဖြစ်ပြောင်းပြီး ပင်လယ်ထဲကို ခုန်ဆင်းခဲ့တယ်လို့ ဆိုကြပါတယ်။ နိုင်ငံအမျိုးမျိုးမှာ ရေသူမတွေနဲ့ပက်သတ်ပြီး ထင်မြင်ချက်အမျိုးမျိုးတွေလည်း ရှိလို့နေပါတယ်။

https://s9.kh1.co/__image/w=600,h=800,q=100/76/764d507067934f4dca3360f027e478cfc55d0f34.jpg
https://s9.kh1.co/__image/w=600,h=337,q=100/81/81786a9dcc863e86fbe7a8cb7a90b220e4b1c2c5.jpg
https://s9.kh1.co/__image/w=600,h=865,q=100/2e/2eac0f2636f993c5c33f58a1eb439f7e7019faa7.jpg

နောက်ပိုင်း ဒီဘက်ခေတ်ရောက်လာတဲ့ အခါမှာတော့ နည်းပညာပစ္စည်းတွေရဲ့ အကူအညီနဲ့ ရေသူမတွေကို တွေ့ရှိတယ်ဆိုတဲ့ သတင်းတွေဟာ တစ်စွန်းတစ်စ ထွက်ရှိလို့လာပါတယ်။ တစ်ကယ့်အစစ်အမှန် ပုံရိပ်တွေကတော့ အတော်လေးကိုနည်းပြီး ပုံအများစုဟာ Photoshop နည်းပညာနဲ့ ပြုလုပ်ထားလို့ အလွယယ်တကူတော့ မယုံသင့်ပါဘူး ။ ယနေ့အချိန်ထိလည်း ရေသူမတွေ တစ်ကယ်ရှိတယ် မရှိဘူးဆိုတာ ယုံကြည်သူတွေနဲ့ မယုံကြည်သူတွေကြား အငြင်းပွားနေကြတုန်းပဲ ဖြစ်ပါတယ်။ စာဖတ်နေဲ့ ပရိသတ်ကြီးရော ထူးဆန်းလှတဲ့ ကျွန်တော်တို့ ကမ္ဘာမြေကြီးထဲမှာ ရေသူမတွေ တစ်ကယ်ရှိတယ် မရှိဘူးဆိုတာ Comment မှာ ဆွေးနွေးခဲ့ပါအုန်းဗျ....။

https://s9.kh1.co/__image/w=600,h=714,q=100/7a/7acb1d8e25d1f6e46182f38afcfac41bc8f40361.jpg
https://s9.kh1.co/__image/w=600,h=273,q=100/94/941c44b391e1ece24b99d9c3520bf9be0ef5930d.jpg
https://s9.kh1.co/__image/w=600,h=1525,q=100/ae/aeac89d94170958eceb4d3d9e954fbb42ec7829c.jpg

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T