ချစ်ရသောသူရဲ့လက်လေးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး စိတ်ခွန်အားဖြစ်စေမယ့် အားပေးစကားလေးပြောကာ အပြတ်ရိုလိုက်တဲ့ ဇေရဲထက်

//s9.kh1.co/da/dadba6d83d34a2031287ab064df848ff7874309f.jpg
အနုပညာရှင်များ

 ၁၈-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ချစ်ရသောသူရဲ့လက်လေးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး စိတ်ခွန်အားဖြစ်စေမယ့် အားပေးစကားလေးပြောကာ အပြတ်ရိုလိုက်တဲ့ ဇေရဲထက်

မင်းသားချောလေး ဇေရဲထက်ကတော့ ချောမောခန့်ညားတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ ကိုလူချောလေးတစ်ယောက်ပဲ ဖြစ်ပါတယ်နော်။ ဇေရဲထက်က ပျိုပျိုမေလေးတွေရဲ့ဝန်းရံအားပေးမှုကို ရရှိခဲ့ပြီး လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဇေရဲထက်က ဗီဒီယိုဇာတ်ကားလေးတွေ စတင်ရိုက်ကူးရင်းနဲ့ သရုပ်ဆောင်ကောင်းလွန်းလို့ အချိန်ခဏလေးအတွင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးခဲ့ရပြီး လူသိများလာခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc

အခုတော့ ဇေရဲထက်က အနုပညာအလုပ်တွေနဲ့ အနည်းငယ်ဝေးကွာနေပေမယ့်လည်း ပရိသတ်တွေက သူ့ကိုချစ်ခင်ကြတာကြောင့် အမြဲတမ်းစောင့်ကြည့်ပြီး အားပေးနေကြတာ ဖြစ်ပါတယ် ။ အမြဲတမ်းလူငယ်လေးတစ်ယောက်လို နုပျိုလန်းဆန်းနေတဲ့ ဇေရဲထက်က ဖက်ရှင်ကျကျဝတ်စားဆင်ယင်တတ်လို့ ပိုပြီးအထာကျနေတာ ဖြစ်ပါတယ် ။ လတ်တလောမှာ ဇေရဲထက်တစ်ယောက် ခရီးတွေထွက်ရင်း ပျော်ရွှင်နေတာလည်း ဖြစ်ပါတယ် ။ အခုလည်း ဇေရဲထက်က ပုံလေးတစ်ပုံနဲ့အတူ ရင်ထဲကစကားတစ်ချို့ကို ဖော်ပြထားတာ ဖြစ်ပါတယ် ။

Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc

ဇေရဲထက်က " ကျွန်တော်က သူ့အတွက် နောက်ကွယ်က အားတစ်ခုအနေနဲ့ အမြဲရှိနေမှာပါ" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ် ။ ပုံထဲမှာတော့ ဇေရဲထက်က ချစ်ရသောသူရဲ့လက်လေးကို ကြင်နာယုယစွာနဲ့ တင်းတင်းကြပ်ကြပ်လေးဆုပ်ကိုင်ထားတာပဲ ဖြစ်ပါတယ် ။ ဇေရဲထက်က ချစ်ရသူအပေါ်ထားရှိတဲ့ သူ့ရဲ့မေတ္တာတွေကိုဖော်ပြပြီး အပြတ်ရိုနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော ဇေရဲထက်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Zay Ye Htet's FB Story

Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Story
Photo Credit-Zay Ye Htet's FB Story
Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T