အိမ်မှုကိစ္စနိုင်နင်းကာအောက်သက်ကျေပြီး သံဃာတော်တွေကိုဆွမ်းကပ်လှူဖို့ ကိုယ်တိုင်အပင်ပန်းခံချက်ပြုတ်နေတဲ့ မိုးဟေကိုရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/4c/4c8cec3d773bdcec8865792fb89ff47b5cd4d278.jpg
အနုပညာရှင်များ

 ၁၈-ဇန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးတို့ရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောမိုးဟေကိုကတော့ ဆယ်စုနှစ်တွေကတည်းက အမျိုးသားထုကြီးရဲ့ တစ်ခဲနက်အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားကာ အောင်မြင်ကျော်ကြားတဲ့ ပြည်သူ့အသည်းကျော်တစ်ဦးပဲ ဖြစ်ပါတယ်နော်..။

သရုပ်ဆောင်ကောင်းမှုကြောင့် ဇာတ်ကားတွေတော်တော်များများ ရိုက်ကူးထားတဲ့အပြင် ဂီတာရှိတ်လေးလိုအချိုးအစားကျလွန်းတဲ့ကောက်ကြောင်းအလှတွေနဲ့ အပြုံးချိုချိုလေးတွေကြောင့် ပုရိသပရိသတ်တွေကြား ရေပန်းစားနေတာလည်း ဖြစ်ပါတယ်..။

Photo Credit - Moe Hay Ko's Fb Acc
Photo Credit - Moe Hay Ko's Fb Acc
Photo Credit - Moe Hay Ko's Fb Acc
Photo Credit - Moe Hay Ko's Fb Acc

ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့အပြင် အသက်အရွယ်နဲ့လိုက်ဖက်အောင် ဝတ်စားဆင်ယဉ်တတ်ပြီး အမိုက်စားဖက်ရှင်လေးတွေနဲ့ မိမိုက်အထာကျလွန်းတဲ့ မိုးကိုတော့ မချစ်တဲ့သူ မရှိသလောက်ပါပဲ..။

အောင်မြင်ကျော်ကြားတဲ့ မင်းသမီးတစ်ဦးအဖြစ် အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းနေသလို လှူဒါန်းမှုတွေကိုလည်း မကြာခဏပြုလုပ်နေပြီး အိမ်မှုကိစ္စတွေလည်းနိုင်နင်းတဲ့ မိုးကတော့ အခုတစ်ခါမှာလည်း ကြည်နူးအေးချမ်းတဲ့ပုံရိပ်လေးတွေနဲ့ အချစ်ပိုစေပြန်ပါတယ်နော်..။

Photo Credit - Moe Hay Ko's IG Acc
Photo Credit - Moe Hay Ko's IG Acc
Photo Credit - Moe Hay Ko's IG Acc
Photo Credit - Moe Hay Ko's IG Acc

အိမ်မှုကိစ္စတွေကိုနိုင်နင်းကာအောက်သက်ကျေတဲ့ မိုးတစ်ယောက် သံဃာတော်တွေကို ဆွမ်းကပ်လှူဖို့အတွက် ကိုယ်တိုင်အပင်ပန်းခံကာ ပြင်ဆင်ချက်ပြုတ်နေတာလေးကို Tik Tok ဗီဒီယိုဖိုင်လေးနဲ့အတူ ဝေမျှထားတာ ဖြစ်ပါတယ်နော်..။

ချက်ပြုတ်နေတဲ့ ဗီဒီယိုဖိုင်လေးအပြင် သံဃာတော်တွေကို ဆွမ်းကပ်လှူခဲ့တဲ့ အေးချမ်းပီတိဖြစ်စရာပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေသာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက် အယမိုးက ဝေမျှထားတာမို့ အားလုံးပဲ သဘောကျနေကြမှာပါနော်..။

Photo Credit - Moe Hay Ko's IG Acc
Photo Credit - Moe Hay Ko's IG Acc
Photo Credit - Moe Hay Ko's Tik Tok Acc
Photo Credit - Moe Hay Ko's Tik Tok Acc

သတင်း အရင်းအမြစ်Moe Hay Ko's Tik Tok Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T