မွေးနေ့တုန်းက ချစ်ရတဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ ပျော်ရွှင်စရာတွေဖန်တီးခဲ့တဲ့ ဗီဒီယိုလေးကို ဝေမျှလာတဲ့ ယုန်လေး

//s9.kh1.co/fb/fbc764a04c676a044c08ca9082c59fd4d00d11b5.jpg
အနုပညာရှင်များ

 ၁၈-ဇန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် ယုန်လေးကတော့ အနုပညာလမ်းကြောင်းထက်မှာ နေရာတစ်ခုကို အခိုင်အမာရရှိထားပြီး ပရိသတ်အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားသူပါ။

ယုန်လေး ဟာ စိတ်သဘောထား ပြည့်ဝသူတစ်ယောက်ဖြစ်သလို လိုအပ်နေတဲ့ သူတွေအတွက် တတ်နိုင်သလောက် လှူဒါန်းပေးတတ်တဲ့ လေးစားစရာ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

Photo credit - Yone Lay's FB account
Photo credit - Yone Lay's FB account

ဒါ့အပြင် အပေါင်းအသင်းတွေအပေါ်မှာလည်း အနစ်နာခံကာပေါင်းသင်းတတ်တဲ့ သူတစ်​ယောက်ဖြစ်လို့ သူငယ်ချင်းတွေက အတော်လေး ချစ်ခင်ကြတာကို တွေ့ရပါတယ်။ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့မှန်မှန်သာ လုပ်ကိုင်နေတဲ့ ယုန်လေးတစ်ယောက် သူရဲ့ လှုပ်ရှားမှုတိုင်းကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ ဝေမျှလေ့ရှိတာဖြစ်ပါတယ်။

Photo credit - Yone Lay's FB account
Photo credit - Yone Lay's FB account
Photo credit - Yone Lay's FB account
Photo credit - Yone Lay's FB account

ယခုမှာလည်း သူရဲ့ မွေးနေ့တုန်းက သူငယ်ချင်းတွေစုံစုံလင်လင်နဲ့ ပျော်ရွှင်စရာတွေဖန်တီးခဲ့ကြတဲ့ အမှတ်တရ ဗီဒီယိုလေးတစ်ခုကို ဝေမျှလာခဲ့ပါတယ်။ အရမ်းကို ချစ်ခင်စည်းလုံးကြတဲ့ သူတို့ သူငယ်ချင်းတွေရဲ့ အပျော်တွေကူးစက်စေဖို်အတွက် အဆိုပါ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေထံ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။ ပရိသတ်တွေကလည်း ယုန်လေးရဲ့ မွေးနေ့အတွက် ဆုတောင်းစကားလေးတွေပြောပေးခဲ့ပါအုန်းနော်....။

Photo credit - Yone Lay's FB account
Photo credit - Yone Lay's FB account
Photo credit - Yone Lay's FB account
Photo credit - Yone Lay's FB account

သတင်း အရင်းအမြစ် Source - Yone Lay's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T