Five Star ကလူရွှင်တော် ကိုကြာစိကတော့ အသက် ၉ နှစ်ကွာတဲ့ ချစ်သူလေးကို လက်ထပ်တော့မှာပဲဖြစ်ပါတယ် ။

ဘဝတူ ဆိုးတူကောင်းဘက်လေးမို့ ရွေးလိုက်တာပါ လို့ ဆိုပါတယ် ... ။

သူတို့နှစ်ယောက်က Five Star ပွဲသွားကရင်းတွေ့ခဲ့တာဖြစ်ပြီး အစက တစ်ဦးနဲ့တစ်ဦးလုံးဝကြည့်မရကြပေမယ့် နောက်ပိုင်းတော့

တစ်ယောက်ကိုတစ်ယောက်နားလည်လာပြီး ချစ်ကျွမ်းဝင်သွားကြတာပါတဲ့ ။ 

“မင်္ဂလာပွဲအကြို ဓာတ်ပုံတွေကိုတော့ ဇူလိုင်လ (၁၆) ရက်နေ့က ရိုက်ကူးခဲ့ပါတယ်။ လက်တွဲဖို့ စပြီးတွေးခဲ့တာကတော့ (၂) နှစ်ကျော်လောက်ရှိပါပြီ၊ ကျွန်တော့်ရဲ့ သားသမီးတွေ အပေါ်လည်း နွေးထွေး၊ ကြင်နာမှု၊ မေတ္တာပေးနိုင်မယ့် သူဖြစ်လို့ ဘဝရဲ့ လက်တွဲဖော်အဖြစ် ရွေးလိုက်တာပါ။ အသက်က တစ်ယောက်နဲ့ တစ်ယောက် (၉) နှစ်လောက်ကွာပေမယ့် မောင်နှမတွေလိုပါပဲ၊ မင်္ဂလာပွဲကိုတော့ ဒီနှစ် ၀ါကျွတ်ရင် ကောင်မလေး မွေးရပ်ဇာတိဖြစ်တဲ့ တောင်ကြီးမြို့မှာပဲ ဆောင်ဖြစ်မှာပါ။” လို့ လူရွှင်တော် နှင့် ဟာသ သရုပ်ဆောင် ကြာစိက Myanmar Celebrity ရဲ့ အင်တာဗျူးတစ်ခုမှာဖြေထားခဲ့ပါတယ် ။ 

သူတို့နှစ်ယောက်ကြားကအခက်အခဲတွေကိုပြောပြရာမှာတော့

" ကျွန်တော်တို့ ဒီလိုအချိန်ရောက်လာတာ လွယ်လွယ်နဲ့ ရောက်ခဲ့တာတော့ မဟုတ်ပါဘူး။ နှစ်ယောက်လုံး ဘယ်သူတွေ ဘယ်လိုခွဲခွဲ မခွဲဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ အတိုက်အခိုက်တွေ၊ အသက်နဲ့ရင်းပြီး ရုန်းကန်ခဲ့ရတဲ့ အခက်အခဲတွေ ကျော်ပြီး မှ ဒီအချိန်မျိုးကို ဖန်တီခဲ့ရတာပါ” လို့ သူကဆိုပါတယ် ။

“အိမ်ထောင်ရေး ကံမကောင်းခဲ့တာလည်း (၅) နှစ်ကျော်ရှိပါပြီ၊ ကျွန်တော့် ရဲ့“ကံစေရာ” သီချင်းလေးလည်း ပေါ်လာခဲ့ပါတယ်။ အဲသီချင်းလေး ရေးထားတာလည်း (၃) နှစ်လောက်ရှိပေမယ့် လွန်ခဲ့တဲ့ (၁) နှစ်လောက်ကမှ ထွက်ဖြစ်ခဲ့ပါတယ်။ မင်္ဂလာဆောင်တာနဲ့ သီချင်းထွက်တာနဲ့က ကပ်နေတော့ မသိတဲ့ တစ်ချို့ ပရိတ်သတ်တွေက ဝေဖန်တာလေးတွေတော့ ရှိပါတယ်။ ဒါပေမယ့် ပရိတ်သတ်တွေ မမှားပါဘူး ကျွန်တော်တို့ရဲ့ ကံဇာတာကိုက အဲလိုဖြစ်နေတာ၊ ဝေဖန်ပေးတဲ့ ပရိတ်သတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ဟာသ သရုပ်ဆောင် ကြာစိ မှ ပရိတ်သတ်တွေ ဝေဖန်မှုအပေါ် သူ့ရဲ့ စိတ်ခံစားချက်ကို ပြောပြခဲ့ပါတယ်။

ကိုကြာစိကြီးကို အားပေးတဲ့ ပရိတ်သတ်တွေရှိရင်ပြောသွားခဲ့နော် ... 

သတင်းအရင်းမြစ် Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။