ကျင်းပတိုင်း ထိခိုက်ဒဏ်ရာရရှိသူ တော်တော်လေးများတဲ့ ကြောက်စရာကောင်းလှတဲ့ပွဲတော်

//s9.kh1.co/22/22d3aafa1961f21330d03929e6da55faff124f84.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်မှာရှိတဲ့ ထူးထူးခြားခြား ပွဲတော်တွေများစွာထဲကမှ ပရိသတ်တွေအတွက် ဂျပန်နိုင်ငံမှာ ပြုလုပ်ကျင်းပလေ့ရှိတဲ့ Onbashira ပွဲတော်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ဒီပွဲတော်ကိုတော့ ခြောက်နှစ်မှ တစ်ကြိမ်ကျင်းပပြုလုပ်တာဖြစ်ပြီး ထောင်ပေါင်းများစွာသောလူတွေက Suwa ဒေသအတွင်းစုဝေးကာ ပေ ၅၀ လောက်ရှိသော သစ်ပင်ကြီးတွေကို ခုတ်ထွင်းပြီး ၎င်းသစ်ပင်ကြီးတွေကို တောင်စောင်းတွေပေါ်က တွန်းချကာ လူတွေလိုက်ပါစီးနင်းကြတာပဲဖြစ်ပါတယ်။ဒီလိုပွဲတော်မျိုးကိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်လောက်ထဲက ဂျပန်နိုင်ငံမှာ ကျင်းပလာခဲ့တာဖြစ်ပြီး သည်းထိတ်ရင်ဖိုနဲ့ ကြောက်စရာကောင်းတဲ့ ပွဲတော်ကြီးတစ်ခုအဖြစ်လည်း နာမည်ကြီးပါတယ်။

photo from google
photo from google
photo from google
photo from google

နောက်ထက်ထင်ရှားတဲ့ အခမ်းနားတစ်ခုကတော့ Satbiki ဖြစ်ပြီး ၎င်းဒေသမှာ လူသိအများဆုံးပွဲတော် လို့ဆိုရမှာဖြစ်ပါတယ်။ ဒီပွဲတော်မှာပါဝင်တဲ့ ရာပေါင်းများစွာသော ယောကျာ်းတွေက သူတို့ရဲ့အကောင်းဆုံးနတ်ကွန်းတွေကို ကြိူးစားပြီး ပြုလုပ်ကြပါတယ်။ အဲ့ဒီနောက်မှာတော့ ၎င်းနတ်ကွန်းတွေပေါ်ကို တက်ကာ ကြိုးသုံးပြီး မတ်စောက်သောတောင်ကုန်းများမှ တွဲလောင်းဆင်းခဲ့ကြတာဖြစ်ပါတယ်။ဒီလိုလုပ်တာဟာ ခက်ခဲပြီး အရမ်းအန္တရာယ်များလှတယ်ဆိုပေမယ့် သူတို့အတွက်ကတော့ ဒါဟာ ပျော်ရွှင်စရာတစ်ခုပဲဖြစ်ပါတယ်။

photo from google
photo from google
photo from google
photo from google

ဒီပွဲတော်အတွင်းမှာဆိုရင်လည်း ထိခိုက်ဒဏ်ရာရရှိသူ များစွာရှိခဲ့ကြပြီး တကယ့်ကိုဆိုးဆိုးရွားရွား ထိခိုက်ခဲ့သူတွေလည်း အများကြီးပါပဲ။ မှတ်တမ်းတွေအရလည်း ကိုယ်လက်ကျိုးပဲ့သူတွေ ရေကန်တွေထဲ ပြုတ်ကျပြီး ရေနစ်သူတွေနဲ့ အခြားသာ ထိခိုက်ဒဏ်ရာတွေရရှိသူ များစွာရှိခဲ့ပေမယ့်လည်း ဒီပွဲတော်ကို ဆင်နွှဲသူဦးရေက လျော့နည်းသွားခြင်းမရှိခဲ့ပါဘူး။ ဘာ့ကြောင့်လဲဆိုရင် သူတို့အတွက် ဒီပွဲတော်အတွင်း ဒဏ်ရာရတာပဲဖြစ်ဖြစ် သေဆုံးသွားတာပဲဖြစ်ဖြစ် ဂုဏ်ကျက်သရေရှိတယ်လို့ သတ်မှတ်ထားတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီပွဲတော် ကျင်းပတာဟာ ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ အောက်က ဗီဒီယိုလေးထဲမှာ ကြည့်ရှုလိုက်ကြပါဦးနော်။

photo from google
photo from google
photo from google
photo from google
photo from google
photo from google

သတင်း အရင်းအမြစ်wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T