ပေါ့ပေါ့ပါးပါး အိမ်နေရင်း ဝတ်စုံ လေးနဲ့ မီးဖိုချောင်ကို ကိုင်တိုင်ဝင်ကာချက်ပြုတ်နေတဲ့ ပုံလေးတွေကို ချပြလာတဲ့ စိုးပြည့်သဇင်

//s9.kh1.co/7a/7a79266e2d446ce008c20272cdb5aadb90b45b89.jpg
အနုပညာရှင်များ

 ၁၈-ဇန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ပီပြင်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေး စိုးပြည့်သဇင်ကို တော့ အားလုံးသိကြမယ်တင်ပါတယ်။ အနုပညာမျိုးရိုးက ဆင်းသက်လာပြီး ဗီဒီယိုခေတ်ကတည်း က အနုပညာလောကထဲကို ရောက်ရှိလာခဲ့ကာ ဆယ်စုနှစ်မက အောင်မြင်ခဲ့သူတစ်ဦး လည်း ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်ခံရိုက်ကူးနေကာ အနုပညာလမ်းကို ဆက်လက်လျှောက်လှမ်းနေတာ ပဲဖြစ်ပါတယ်။ သူမရဲ့ ပီပြင်ပြောင်မြောက်လှတဲ့ အနုပညာ စွမ်းရည်တွေကြောင့် လည်း အကယ်ဒမီဆု ကြီးကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပြီး ဖြစ်ပါတယ်။

Photo Crd - Soe Pyae Thazin Facebook Page
Photo Crd - Soe Pyae Thazin Facebook Page
Photo Crd - Soe Pyae Thazin Facebook Page
Photo Crd - Soe Pyae Thazin Facebook Page

ခန္ဓာကိုယ်ကလည်း ဖြူဖွေးနုဖက်ပြီး မျက်နှာအမူအရာကလည်း ချစ်ဖို့ကောင်းပြီး လှနေတာ ကြောင့် ပုရိသ ပရိသတ်တွေ ရဲ့ အားပေး ဝန်းရံတာကိုခံနေရတာ ပဲဖြစ်ပါတယ်။ လတ်တလောမှာလည်းအွန်လိုင်းကြော်ငြာတွေကို လက်ခံရိုက်ကူးနေကာ live sale တွေလုပ်နေပြီး ပရိသတ်တွေ နဲ့ အဆက်အသွယ်မပျက်ရှိနေတာ ပဲဖြစ်ပါတယ်။ မကြာမကြာ မှာတော့ ညီမတွေ ဆုံကြပြီး ပျော်စရာ live လွှင်ကာ ရယ်ရယ်မောမော နဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာ ပဲဖြစ်ပါတယ်။ တခါတလေမှာလည်း မြန်မာ ဝတ်စုံလေးတွေ ဝတ်ပြီး ရိုက်ထားတဲ့ ပုံလေးတွေကို ချပြလေ့ရှိပါသေးတယ်။ 

Photo Crd - Soe Pyae Thazin Facebook Page
Photo Crd - Soe Pyae Thazin Facebook Page
Photo Crd - Soe Pyae Thazin Facebook Page
Photo Crd - Soe Pyae Thazin Facebook Page

ယခုအခါမှာတော့ သူမရဲ့စွဲဆောင်မှုရှိတဲ့ အမိုက်စား ပုံလေးတွေကို ချပြလာတာ ပဲဖြစ်ပါတယ်။ အိမ်နေရင်ဝတ်စုံလေးကို ဝတ်ပြီး မီးဖိုချောင်ထဲ ဝင်ကာ အစားသောက်တွေလုပ်နေကို ရိုက်ထားတဲ့ ပုံလေးတွေနဲ့ အတူ “ခဏစောင့်နော်...cakeကမရသေးဘူး” ဆိုတဲ့ခေါင်းစဉ်လေး တပ်ပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြလာတာကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်တာ ပဲဖြစ်ပါတယ်။ ကဲ…ပရိသတ်ကြီးတို့ကလည်း စိုးပြည့်သဇင် ဆက်လျှောက်မယ့် အနုပညာလမ်းကို ဆက်လက်အားပေး ဝန်းရံလိုက်ကြပါဦးနော်…။

Photo Crd - Soe Pyae Thazin Facebook Page
Photo Crd - Soe Pyae Thazin Facebook Page
Photo Crd - Soe Pyae Thazin Facebook Page
Photo Crd - Soe Pyae Thazin Facebook Page

သတင်း အရင်းအမြစ်

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T