ကာစီနိုကစားဝိုင်းမှာ ပြန်ပေးစွဲခံခဲ့ရတဲ့ စင်ကာပူအမျိုးသမီးတစ်ဦးကို အာဏာပိုင်တွေက ပြန်လည်ကယ်တင်နိုင်ခဲ့တယ်လို့ Channel News Asiaသတင်းမှာ ဖေ်ာပြထားပါတယ်။
အဆိုပါပြန်ပေးဆွဲခံရတဲ့အသက်(၄၈)နှစ်အရွယ် မစ္စ ဝုယန်ဆိုသူ အမျိုးသမီးဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်က Solaire အပန်းဖြေစခန်းရဲ့ ကာစီနိုကစားဝိုင်းတစ်ခုမှာ ပြန်ပေးဆွဲခံရ တာဖြစ်ပြီး ပြန်ပေးငွေအမေရိကန် ဒေါ်လာ(တစ်သိန်းရှစ်သောင်း) တောင်းခံထားခြင်းခံရပါတယ်။
တိုက်ခန်းတစ်ခုရဲ့ လသာဆောင်မှာ ခြေထောက်တွဲလောင်းကျနေတာကို လုံခြုံရေးအစောင့်တွေက သတိထားမိပြီးနောက် သွားရောက် စစ်ဆေးရာကနေသူ့ကိုကယ်တင်နိုင်ခဲ့တာဖြစ်ပြီးပြန်ပေးသမားတွေရဲ့ရိုက်နှက်ခံထားခြင်းခံထားရပါတယ်။လက်ရှိမှာတော့အမှုကိစ္စနဲ့ပတ်သတ်ပြီး လူ၄ဝကျော်ကိုစစ်ဆေးနေတယ်လို့သတင်းမှာဖော်ပြထားပါတယ်။
Aung
သတင်းအရင်းမြစ် Channel News Asia
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။