ပရိသတ်၁၇၀၀၀ဆံ့တဲ့ ဥရောပကအထင်ကရ Ziggo-Domeဇာတ်ရုံကြီးမှာ မျက်စိသငယ်နားသငယ်နဲ့ ဖျော်ဖြေခဲ့ရတဲ့အကြောင်း ပြောပြလိုက်တဲ့ ဖြူဖြူ

//s9.kh1.co/2c/2c4a56b5ef0f342bfcfc9abdb0809c83f1ef5dd3.jpg
အနုပညာရှင်များ

 ၁၈-ဇန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

ပရိသတ်၁၇၀၀၀ဆံ့တဲ့ ဥရောပကအထင်ကရ Ziggo-Domeဇာတ်ရုံကြီးမှာ မျက်စိသငယ်နားသငယ်နဲ့ ဖျော်ဖြေခဲ့ရတဲ့အကြောင်း ပြောပြလိုက်တဲ့ ဖြူဖြူ

အဆိုတော်ဖြူဖြူကျော်သိန်းကတော့ အသံပါဝါအလွန်ကောင်းတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ကာ စကားကိုလည်းချက်ကျလက်ကျနဲ့ ပညာသားသားပြောဆိုတတ်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ ပရိသတ် ၁၇၀၀၀ဆံ့တဲ့ ဥရောပက အထင်ကရ Ziggo-Domeဇာတ်ရုံကြီးမှာ မျက်စိသငယ်နားသငယ်နဲ့ ဖျော်ဖြေခဲ့ရတဲ့အမှတ်တရတွေကို ပြောပြလာခဲ့ပါတယ်။သူမကတော့ LED ပေါင်း ၈သန်းကျော်အလှဆင်ထားတဲ့ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် Lလွန်းဝါနဲ့အတူ ဖျော်ဖြေခဲ့ရတာပဲဖြစ်ပါတယ်။

Photo Credit: Phyu Phyu Kyaw Thein ' s Facebook Page 
Photo Credit: Phyu Phyu Kyaw Thein ' s Facebook Page 
Photo Credit: Phyu Phyu Kyaw Thein ' s Facebook Page 
Photo Credit: Phyu Phyu Kyaw Thein ' s Facebook Page 

သူမကတော့ " Photo of the Day နော် ဖြူဖြူ နဲ့ L လွန်းဝါကို Netherlands နိုင်ငံ Masterpeace Concert မှာ 2014က နိုင်ငံကိုယ်စားပြုအဖိတ်ခံရတာပါ။ ဥရောပ က အထင်ကရ Ziggo- Dome ဆိုတဲ့ ဇာတ်ရုံမှာ "စစ် "သီချင်းကို Debut လုပ်ခဲ့တာပါ။ ပရိသတ် ၁၇၀၀၀ဆံ့တဲ့ Indoor Arena ကြီးပါ။ LED မီးပေါင်း ၈သန်းကျော်နဲ့ အလှဆင်ထားတာပါတဲ့။ လူ ၁၅၀၀ ပဲဆံ့တဲ့ အမျိုးသားကဇာတ်ရုံမှာပဲဆိုခဲ့ဖူးတာဆိုတော့ တောသူမလေးဖြူဖြူ ခမျာမျက်စိသားငယ်နားသားငယ်ပေါ့ ။နောက်ကတီးပေးတာက Mtropole Orchestre တဲ့။ Grammy ဆုရ ကမ္ဘာ့အကြီးဆုံး Hybrid Orchestra ပါ" ဆိုပြီး လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: Kyaw Shwe Min (DIOR By Heart)
Photo Credit: Kyaw Shwe Min (DIOR By Heart)
Photo Credit: Phyu Phyu Kyaw Thein ' s Facebook Page 
Photo Credit: Phyu Phyu Kyaw Thein ' s Facebook Page 

သူမကတော့ " Western orchestra နဲ့ တခါဘူးမှ မဆိုဘူးတဲ့(မြင်ကိုမမြင်ဘူးတာ) တောသူမလေး မမှားမယွင်းကြိုးစားဆိုခဲ့ပါတယ်လို့ ။ ထိုးထားတဲ့သူတွေလည်းပေါက်ပြီး၊ ဗဟုသုတ ဆာလောင်သူများလည်း အငတ်ပြေနိုင်ကြပါစေနော်။Have a good day "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်ဖြူဖြူကျော်သိန်းနဲ့ Lလွန်းဝါတို့ရဲ့ နိင်ငံကိုယ်စားပြုအဖြစ်သွားရောက်ဖျော်ဖြေခဲ့တဲ့ အမှတ်တရပုံရိပ်လေးကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source : Phyu Phyu Kyaw Thein 's Facebook Page

Photo Credit: Kyaw Shwe Min (DIOR By Heart)
Photo Credit: Kyaw Shwe Min (DIOR By Heart)
Photo Credit: Phyu Phyu Kyaw Thein ' s Facebook Page 
Photo Credit: Phyu Phyu Kyaw Thein ' s Facebook Page 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T