သူ့ဆီလာရောက် အကူအညီတောင်းခံတဲ့ သူတွေကို ထမင်းကျွေးရင်း ငွေကြေးအနည်းငယ်ပေးကာ အလှူပြုလိုက်တဲ့ ဒိန်းဒေါင်

//s9.kh1.co/b2/b2d4a11ccf1092607b21f359d4bfd1b9c2e2fd6f.jpg
အနုပညာရှင်များ

 ၁၈-ဇန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ပရဟိတလုပ်ငန်းတွေကို ကြိုးစားပမ်းစား လုပ်ကိုင်နေသူကတော့ ဟာသ သရုပ်ဆောင် ဒိန်းဒေါင်ပဲ ဖြစ်ပါတယ်။ သူဟာ ချွန်တွန်း ပရဟိတအဖွဲ့ကို ဦးစီး တည်ထောင်ထားတာဖြစ်ပြီး ချစ်ရတဲ့ ဟာသလူရွှင်တော် ညီအစ်ကိုတွေနဲ့အတူ လိုအပ်တဲ့ ပြည်သူတွေအတွက် မနားမနေ ကူညီဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။ ဒီလို သူတစ်ပါးအပေါ် ကူညီချင်တဲ့ စိတ်ထားလေးကြောင့်လည်း သူလုပ်ကိုင်တဲ့ လုပ်ငန်းမှန်သမျှ အောင်မြင်နေတာလည်း ဖြစ်ပါတယ်နော်။

Photo credit - Dain Daung's Facebook Account 
Photo credit - Dain Daung's Facebook Account 

ဒိန်းဒေါင်ဟာ အနုပညာလှုပ်ရှားမှုတွေကိုတောင် ရပ်နားထားကာ ပရဟိတလုပ်ငန်းတွေကို သေသေချာချာလုပ်ကိုင်နေတာကြောင့် ပရိသတ့တွေက အတော်လေး သဘောကျချစ်ခင်နေတာကို တွေ့ရပါတယ်။ ဒိန်းဒေါင်က သူရဲ့ နေ့စဥ်လှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ ဝေမျှလေ့ရှိတာလည်း ယနေ့မှာလည်း ပိုစ့်တစ်ခု တင်ပေးလာပြန်ပါတယ်။

Photo credit - Dain Daung's Facebook Account 
Photo credit - Dain Daung's Facebook Account 
Photo credit - Dain Daung's Facebook Account 
Photo credit - Dain Daung's Facebook Account 

ဒါကတော့ သူ့ဆီလာရောက် အကူအညီတောင်းခံတဲ့ သူတွေကို ထမင်းကျွေးကာ လိုအပ်တဲ့ ငွေကြေးအနည်းငယ်ကိုလည်း အလှူပြုလိုက်တာပါ။ အလှူပြုတဲ့ ပုံလေးတွေကို တင်ပေးလာရင်း "ထမင်းလဲကျွေးငါးသောင်းပေးလို့အပူတခုကူခဲ့ပြီ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားလာတာပါ။ ပရိသတ်တွေလည်း မွန်မြတ်လှတဲ့ အလှူဒါနလေးကို ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။

Photo credit - Dain Daung's Facebook Account 
Photo credit - Dain Daung's Facebook Account 
Photo credit - Dain Daung's Facebook Account 
Photo credit - Dain Daung's Facebook Account 

သတင်း အရင်းအမြစ်Source - Dain Daung's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T