ဆုမြတ်နိုးဦး အံ့အားသင့်သွားရအောင် မိန်းကလေးလို ကနွဲ့ကလျလုပ်ပြလိုက်ပြီး ခွီးနေရတဲ့ ကျော်ကျော်ရဲ့ tik tok ဗီဒီယို

//s9.kh1.co/54/54bfae9e13934619a566e13706c258c00373bd14.jpg
အနုပညာရှင်များ

 ၁၈-ဇန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

အနုပညာလောကမှာ ကျော်ကျော် နဲ့ ဆုမြတ်နိုးဦး တို့ သူငယ်ချင်းနှစ်ယောက်ကတော့ ပရိသတ်ကိုယ်စီတွေနဲ့ အကောင်းဆုံးလျှောက်လှမ်းနေတဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း အပြစ်ပြောစရာမရှိလောက်အောင် ဘယ်လိုဇာတ်ကောင်မျိုးကိုမဆို သဘာဝကျကျ သရုပ်ဆောင်နိုင်တဲ့ သူတွေပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်က လက်ရှိမှာလည်း အနုပညာအလုပ်တွေအနေနဲ့ ကြော်ငြာတွေအပြင် လူမှုကွန်ယက်ကနေ တန်ဖိုးကြီး လက်ဝတ်ရတနာတွေကို ရောင်းပေးနေတာ တွေ့ရပါတယ်။

Photo Credit - Kyaw Naing Oo fb account
Photo Credit - Kyaw Naing Oo fb account
Photo Credit - Kyaw Naing Oo fb account
Photo Credit - Kyaw Naing Oo fb account

ကျော်ကျော် နဲ့ဆုမြတ်နိုးဦး တွေကတစ်ယောက်နဲ့တစ်ယောက် မောင်နှမအရင်းတွေလို ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ သူငယ်ချင်းတွေဖြစ်တာကြောင့် ပရိသတ်တွေကလည်း ချစ်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရိသတ်တွေအတွက် ရယ်မောပျော်ရွှင်စရာ ဟာသ ဗီဒီယိုလေးတွေကို အမြဲဖော်ပြပေးပါတယ်။ ယခုမှာတော့ ကျော်ကျော်က ပရိသတ်တွေ ရယ်မောပျော်ရွှင်စေဖို့အတွက် ဟာသtik tok လေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Kyaw Naing Oo fb account
Photo Credit - Kyaw Naing Oo fb account
Photo Credit - Kyaw Naing Oo fb account
Photo Credit - Kyaw Naing Oo fb account

ဒီဗီယိုလေးထဲမှာတော့ ဆုမြတ်နိုးဦး နဲ့အတူ ခေတ်စားနေတဲ့ tik tok လေးကို မိန်းကလေးလို ချွဲနွဲ့နေတဲ့ အမူအရာလေးတွေလုပ်ပြီး ဆော့ကစားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကျော်ကျော်လုပ်ပြနေတဲ့ အမူအရာလေးတွေကို သဘောကျပြီး ရယ်မောစေမယ်လို့လည်း ထင်မိပါတယ်။ ကဲ...ပရိသတ်ကြီး ပရိသတ်တွေရယ်မောအောင် သူငယ်ချင်းနှစ်ယောက် ဆော့ထားတဲ့ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦး တို့ရဲ့ tik tok လေးကို ပြန်လည်ဖော်ပြပေလိုက်ပါတယ်။

သတင်း အရင်းအမြစ်Video Credit & Source - Kyaw Naing Oo Tik Tok Acc

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T