အသက်(၄၄)နှစ်ပြည့်မွေးနေ့မှာ ဖေဖေ့ဆီကနေ (၅)ဧကကျယ်ဝန်းတဲ့ခြံကြီးကို မိသားစုနဲ့အတူနေဖို့အတွက်လက်ဆောင်ရလိုက်တဲ့ ဦးဇေသီဟ

//s9.kh1.co/1f/1f1347e53907b763231e47cfea59ef4b90a70bfe.jpg
အနုပညာရှင်များ

 ၁၈-ဇန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

အသက်(၄၄)နှစ်ပြည့်မွေးနေ့မှာ ဖေဖေ့ဆီကနေ (၅)ဧကကျယ်ဝန်းတဲ့ခြံကြီးကို မိသားစုနဲ့အတူနေဖို့အတွက်လက်ဆောင်ရလိုက်တဲ့ ဦးဇေသီဟ

ပရိသတ်ကြီးရေ အကယ်ဒမီနန္ဒာလှိုင်ကတော့ အိမ်ထောင်ကျတာအရမ်းကံကောင်းတာကြောင့် သာယာအေးချမ်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်နော်။ဦးဇေသီဟကလည်း ချစ်ဇနီးလေးနန္ဒာလှိုင်ကို အရမ်းချစ်ပြီး အသေးစိတ်ကအစဂရုစိုက်ကြင်နာပေးတဲ့ခင်ပွန်းကောင်းဖြစ်ပါတယ်။ဦးဇေသီဟကတော့ သမီးသုံးယောက်နဲ့ချစ်ဇနီးလေးအပေါ်မှာ လိုလေသေးမရှိအောင်ထားပေးပြီး မိသားစုအမှတ်တရများစွာကိုဖန်တီးပေးတာဖြစ်ပါတယ်နော်။အခုဆိုရင်တော့ ဦးဇေသီဟက အနှစ်နှစ်၊အလလ မက်ခဲ့တဲ့ အိမ်မက်လေးပြည့်သွားလို့ အရမ်းပျော်ရွှင်နေတာဖြစ်ပါတယ်။

Photo Credit:Zay Thiha's Facebook Account

ဦးဇေသီဟကတော့"အိမ်ထောင်ကျပြီးကတည်းက မိဘတွေနဲ့  အိမ်ခွဲနေတဲ့ကာလဆိုတာ  လပိုင်းလောက်ပဲ ရှိခဲ့ဖူးတယ်။ သမီးကြီး အသက် ၁၂ နှစ်ပြည့်ခါနီး အခုထိပါပဲ။ သမီးတွေက နိုင်ငံခြားသွားပြီး ကျောင်းတက်ရမယ့် နှစ်ကလည်း တကယ်တမ်း တွက်ကြည့်ရင် သိပ်မလိုတော့ဘူး။ အဲ့လို တွေးမိတိုင်း ဆန္ဒတစ်ခုဖြစ်မိတယ်။ ကိုယ့်ခြံ ကိုယ့်ဝင်းမှာ မိသားစုနဲ့ လွတ်လွတ်လပ်လပ် နေဖူးသွားချင်မိတယ်။ သမီးတွေ ကျောင်းသွားတက်ပြီး ပြန်လာရင် အဲ့လို နေရဖို့ဆိုတာကလည်း  ကံကောင်းလွန်းမှသာ..အဲ့လိုစိတ်ကူးကို အကောင်အထည်ဖော်ဖို့  ဒီနှစ်တော့ အခွင့်အရေးကောင်းတစ်ခု၊တစ်နည်းအားဖြင့် မွေးနေ့လက်ဆောင်တစ်ခုရလိုက်ပါတယ်။" 

Photo Credit:Zay Thiha's Facebook Account
Photo Credit:Zay Thiha's Facebook Account
Photo Credit:Zay Thiha's Facebook Account
Photo Credit:Zay Thiha's Facebook Account

"၅ဧကရှိတဲ့ ဂေါက်ကွင်းဘေးက ခြံကို မနေ့က အဖေပေးတယ်။ ဒီနေ့ ချက်ချင်း မြေစညှိပြီး အိမ်စဆောက်ဖို့လုပ်ပါပြီ။ အရင်က ရွှေဂုံတိုင်မှာ ဝယ်ထားတဲ့ ဧကဝက်ရှိတဲ့ခြံကို မဆောက်တော့ဘဲ ဒီနေရာကို ပြောင်းဆောက်တော့မယ်။ကျေးဇူးတင်ပါတယ်အဖေ.. ၂၀၂၁ ခုနှစ် အသက် ၄၄ နှစ်ပြည့်မွေးနေ့ လက်ဆောင်ဟာ တန်ဖိုးကြီးမားလွန်းပါတယ်။ အနှစ်သာရ ပြည့်ဝလွန်းပါတယ်။  ခြံအကျယ်ကြီးမှာ သမီးတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဘဝ တစ်ခုကို အိမ်မက် မက်နေတာကြာပြီ.. မကြာခင် အဲ့ဒီဆန္ဒ ပြည့်တော့မယ်။"ဆိုပြီး သူ့ရဲ့အပျော်တွေကို ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။ 

Photo Credit:Zay Thiha's Facebook Account
Photo Credit:Zay Thiha's Facebook Account
Photo Credit:Zay Thiha's Facebook Account
Photo Credit:Zay Thiha's Facebook Account
Photo Credit:Zay Thiha's Facebook Account
Photo Credit:Zay Thiha's Facebook Account

Source&Photo Credit:Zay Thiha's Facebook Account

Video Credit:Zay Thiha's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T