ပရိသတ်ကြီးရေ.....တက်သစ်စအနုပညာရှင်လေးဖြစ်ပေမယ့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အ၀ရရှိနေတဲ့ ဆရာ၀န်မလေး ပိုးမမှီသာကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ စိုင်းစိုင်းခမ်းလိုင်ရဲ့ music videoလေးကနေတစ်ဆင့် ပရိသတ်တွေသတိထားမိလာခဲ့ပြီး သူမရဲ့ချစ်စဖွယ်အပြုံးချိုချိုလေးတွေကြောင့် ပုရိသတွေရဲ့၀န်းရံအားပေးမှုကို အပြည့်အ၀သိမ်းပိုက်ထားသူလေးလည်းဖြစ်ပါတယ်။


ပိုးမမှီသာဟာ ဝါသနာပါရာအနုပညာအလုပ်ကိုလည်း လုပ်ကိုင်နေသလို ဆရာ၀န်မလေးတစ်ယောက်အဖြစ်လည်း ကျေပွန်စွာတာ၀န်ထမ်းဆောင်နေတာလည်း တွေ့ရပါတယ်။ ပိုးမမှီသာရဲ့ ဖြူစင်တဲ့စိတ်ထားလေးနဲ့ တာ၀န်သိတတ်မှုတွေကြောင့် ပရိသတ်တွေက သူမကို အချစ်တွေပိုပြီးရင်းပိုနေကြတာလည်း တွေ့ရပါတယ်နော်.....။


အခုဆိုရင်လည်းပိုးမမှီသာဟာ ပရိသတ်တွေအလွမ်းပြေဖို့အတွက် သူမရဲ့ချစ်စရာပုံလေးတွေကိုတင်ပေးလာပါတယ်။ ပိုးဟာ အပန်းဖြေပျော်ပွဲစားထွက်တဲ့ လူငယ်ဆန်ဆန်ဖက်ရှင်ဒီဇိုင်းလေးနဲ့အတူ သူမရဲ့ Facebookစာမျက်နှာမှာ "ပိုးနဲ့အတူတူပျော်ပွဲစားထွက်ကြမယ်ဆိုရင်ရော 🥰
Special thanks to my team ...."ဆိုပြီးရေးသားကာ ပုံလေးတွေတင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


သတင်းအရင်းမြစ်: Poe Mamhe Thar's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။