မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ ကြွေရုပ်လေးတစ်ရုပ်လို့ တင်စားရလောက်အောင်ကို ချောမောလှပလွန်းသူလေးပဲ ဖြစ်ပါတယ် ။ အသားအရေလေးက ဖြူဖွေးဝင်းမွတ်သလို မျက်နှာလေးကလည်း နုဖတ်ပြီး အရမ်းချစ်ဖို့ကောင်းတဲ့ အသက် (၃၀)ကျော်အရွယ်လေးလို့တောင် ထင်ရက်စရာမရှိပါဘူးနော်။ အထူးသဖြင့် ရွှေကစ်လေးက သူမရဲ့ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးကို အခုချိန်အထိ ထိန်းသိမ်းထားနိုင်တာကြောင့် ဘာပဲဝတ်ဝတ် အရမ်းလှနေတာ ဖြစ်ပါတယ် ။

ရွှေကစ်လေးက အလှအပရေးရာမှာ ပြိုင်ဘက်ကင်းသလို ဖက်ရှင်တွေကိုရွေးချယ်ဝတ်ဆင်တဲ့အခါမှာလည်း သူများတွေနဲ့မတူအောင်ကို မိမိုက်လွန်းတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ရွှေကစ်လေးကို ယောက်ျားလေးပရိသတ်တွေရော မိန်းကလေးပရိသတ်တွေပါ ချစ်ခင်အားပေးကြတာ ဖြစ်ပါတယ် ။ အခုလည်း ရွှေကစ်လေးက မြင်နေကျမဟုတ်တဲ့ပုံစံလေးနဲ့ ဆွဲဆောင်မှုရှိရှိ လှသွေးကြွယ်နေတဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။

ရွှေကစ်လေးက သေးသွယ်တဲ့ ကိုယ်လုံးအလှကိုပေါ်လွင်စေတဲ့ ဖက်ရှင်ဆန်းဆန်းလေးကို ဝတ်ဆင်ပြီး အပြတ်လန်းနေတာ ဖြစ်ပါတယ် ။ ဖြူဖွေးဝင်းဥတဲ့အလှတရားတွေနဲ့ စွဲမက်ဖွယ်ကောင်းနေတဲ့ ကစ်လေးက အမိုက်စားဖက်ရှင်လေးကြောင့် လူမှားသွားရလောက်အောင်ကို အရမ်းလှနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ရဲ့အသစ်စက်စက် အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။