အဆိုတော် ကောင်းကောင်းနဲ့ ချစ်သူဖြစ်သူ Mei Mei တို့ကတော့ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေကြပြီပဲဖြစ်ပါတယ် ။ ကောင်းကောင်းဟာ Melody World အဆိုပြိုင်ပွဲက နာမည်ရလာတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး

ပရိတ်သတ်တွေရှိပြီးသားဖြစ်သလို ချစ်သူ Mei Mei ကလည်း The X factor Myanmar ပြိုင်ပွဲက ပြိုင်ပွဲဝင်ထဲတစ်ယောက်လဲဖြစ်ပါတယ် ။

၀ါသနာတူတဲ့ ချစ်သူနှစ်ဦးကတော့ မကြာခင်မှာပဲလက်ထပ်ကြတော့မှာမို့ ဖိတ်စာတွေတောင်ရိုက်ပြီးနေပါပြီ ။ ကောင်းကောင်းဟာ ချစ်သူဟောင်း ဖြစ်သူ အိုင်းရင်းဇင်မာမြင့်ရဲ့ Live လွှင့်ကာ ပရိတ်သတ်ကိုရင်ဖွင့်ခဲ့သော ၈ နှစ်ကြာတွဲလာသောချစ်သူနဲ့ လမ်းခွဲခဲ့မှုအတွက် ဝေဖန်မှုများခံခဲ့ရသော်လည်း နောက်ဆုံးမှာတော့ သူချစ်တဲ့ ချစ်သူနဲ့ လက်တွဲတော့မှာပဲဖြစ်ပါတယ် ။ 

သတင်းအရင်းမြစ် Kaung Kaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။