သမီးတွေကြီးလာရင် ဇေကမ္ဘာပြတိုက်ကို ဦးစီးဖို့အတွက် လန်ဒန်မှာ ရှေးဟောင်းသုတေသနပညာရပ်ကို သင်ကြားဖို့စေလွှတ်မယ့် နန္ဒာလှိုင်တို့ဇနီးမောင်နှံ

//s9.kh1.co/24/2428d82bd286f545eb59117feb2dc4b5c4dd617d.jpg
အနုပညာရှင်များ

 ၁၉-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

သမီးတွေကြီးလာရင် ဇေကမ္ဘာပြတိုက်ကို ဦးစီးဖို့အတွက် လန်ဒန်မှာ ရှေးဟောင်းသုတေသနပညာရပ်ကို သင်ကြားဖို့စေလွှတ်မယ့် နန္ဒာလှိုင်တို့ဇနီးမောင်နှံ

မင်းသမီးချောနန္ဒာလှိုင်ရဲ့မိသားစုဘဝလေးကတော့ အေးချမ်းသာယာလို့ ပရိသတ်တွေကတောင် အားကျနေရတဲ့မိသားစုလေးပဲဖြစ်ပါတယ်‌နော်။နန္ဒာလှိုင်တို့ဇနီးမောင်နှံက အပြန်အလှန်ဖေးမကူညီကြပြီး စိတ်တူကိုယ်တူနဲ့အလှူအတန်းတွေလည်းလုပ်ကြပါတယ်။လတ်တလောမှာဆိုရင်တော့ ဦးဇေသီဟက ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ စတင်ဖွင့်လှစ်မယ့် "ဇေကမ္ဘာပြတိုက်"ကို ကိုယ်တိုင်ဦးစီးပြီးသေချာစီစဉ်‌နေတာဖြစ်ပါတယ်။ဇေကမ္ဘာပြတိုက်ဟာဆိုရင် မြန်မာနိုင်ငံမှာ ပထမဆုံးပုဂ္ဂလိက ရှေးဟောင်းပြတိုက်တစ်ခုဖြစ်ပြီး ပြတိုက်အတွင်းမှာလည်း တကယ့်ကိုရှားပါးရှေးဟောင်းအမွေအနှစ်တွေနဲ့ပြည့်နှက်နေတာဖြစ်ပါတယ်နော်။

Photo Credit:Nandar Hlaing's Facebook Account

ဦးဇေသီဟကတော့"ရှေးဟောင်းပစ္စည်း စုဆောင်းတတ်တဲ့ ဝါသနာရှင်ဆိုတာ အစွဲအလမ်းကြီးလွန်းပြီး လွယ်လွယ်နဲ့ မေ့တတ်သူတွေ မဟုတ်ဘူး။ သက်မဲ့ ပစ္စည်းတွေအပေါ် သံယောဇဉ်ကြီးလွန်းတယ်။ နဲနဲထပ်ပြောရရင် လောဘလည်း နဲနဲရှိကြတယ်။ သူတို့ နှစ်ပေါင်းများစွာ စုဆောင်းထားရှိတဲ့ ရှေးဟောင်းပစ္စည်းတွေနဲ့ ပတ်သက်ပြီး သူတို့ သတိမထားမိတဲ့အချက် တစ်ခုရှိတယ်။ အဲ့ဒါက သူတို့ မရှိတော့တဲ့အချိန်မှာ ဘယ်သူဆက်ပြီး ထိန်းသိမ်းမလဲဆိုတာပါပဲ။ မိဘတွေ စုဆောင်းထားသမျှ သားသမီးက တန်ဖိုးမထား ရင်လဲ ပျက်ဆီးကုန်မှာပဲ။ တန်ဖိုး တစ်ခုနဲ့ တကွဲတပြား ပြည်ပ ရောင်းစားလိုက်ရင်လည်းကုန်သွားမှာပဲ။ ဒါကြောင့်မို့လို့ နှစ်ရှည်စုဆောင်းလာတဲ့ ဝါသနာရှင်တွေက သူတို့ မရှိတော့တဲ့ အခါ ရှေးဟောင်းပစ္စည်းတွေကို တခြားဝါသနာတူ လူတစ်ယောက် ရှာပြီး လွှဲပြောင်း ရောင်းချကြရတယ်။ ဒါကြောင့်လည်း တခြားဝါသနာရှင်တွေ လာရောင်းချတဲ့ ရှေးဟောင်းပစ္စည်း အစုလိုက်အပုံလိုက် အဖေ့ဆီရောက်လာကြတာပေါ့။" 

Photo Credit:Zay Thiha's Facebook Account

"အဲ့လို ဝါသနာရှင်တွေကို နမူနာယူပြီး အဖေ့ကို နောက်ဆံမတင်းအောင် လုပ်သင့်တာကို လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ပြတိုက် တစ်ခုစာမက စုဆောင်းထားမိတဲ့ အဖေ့ရဲ့ ရှေးဟောင်းပစ္စည်းတွေအတွက် သားစဉ် မြေးဆက် လက်ဆင့်ကမ်းထိန်းသိမ်းဖို့ တာဝန်ဟာ ကြီးလွန်းပါတယ်။ ရှေးဟောင်းပစ္စည်းအပေါ် ဝါသနာမပါတဲ့ ကျွန်တော်က နောက်လည်း ဝါသနာပါလာမှာတော့ မဟုတ်ပါဘူး။ ဒါကြောင့်သမီးတွေကို SOAS မှာ ဖြစ်ဖြစ် Arts and Archaeology ဘာသာရပ်ကို ပညာဆုံးခန်းတိုင် တတ်မြောက်အောင်လမ်းကြောင်းပေး စည်းရုံးထားပါတယ်။( ရှေးဟောင်းပစ္စည်း ဝါသနာ မပါဘဲ လုပ်နေတယ်လို့ ဝေဖန်မစောကြပါနဲ့။ ရှေးဟောင်းပစ္စည်း ဝါသနာ မပါရုံတင်မဟုတ်ဘူး။ လက်ဝှေ့လည်း ဝါသနာ ပါတာမဟုတ်ပါဘူး။ အလုပ်နဲ့ ဝါသနာ ထပ်တူ မကျဘဲ လုပ်ရတာ ပိုပြီး လမိုင်းကပ်လို့ပါ။ ဝါသနာမပါဘဲ လုပ်နေတဲ့ လက်ဝှေ့ပွဲ အလုပ် ဘယ်လောက်ထိ ခြေလှမ်းကြဲလဲဆိုတာ လက်ဝှေ့လောကလူတွေ အားလုံးသိပါတယ်။)"ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Zay Thiha's Facebook Account
Photo Credit:Zay Thiha's Facebook Account

Source&Photo Credit:Zay Thiha&Nandar Hlaing's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T