မိုးကိုယ်တိုင်ပြောပြမယ့် မိုးဟေကို အကြောင်း ဆိုတဲ့အစီအစဉ်လေးကို လုပ်မှာဖြစ်လို့ စောင့်မျှော်ကြည့်ရှု အားပေးဖို့အတွက် အမြည်းလေးပြောပြထားတဲ့ မိုးဟေကိုရဲ့ဗီဒီယို

//s9.kh1.co/f4/f4e644def1b7da138ef4cf68354c487b3f9a3989.jpg
အနုပညာရှင်များ

 ၁၉-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ပြည်သူတွေရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိ ထားတဲ့ သရုပ်ဆောင် မင်းသမီးချောလေး မိုးဟေကို ကတော့ အနုပညာလောကမှာ အချိန်အတော်ကြာအောင် ရပ်တည် အောင်မြင်နေတာ ဖြစ်ပြီး ယခုချိန်ထိလည်း သူမကို အားပေးနေကြတာ လည်းဖြစ်ပါတယ်။သူမဟာ သရုပ်ဆောင်ရာတွင် အပိုအလိုမရှိ ကျရာဇာတ်ကောင်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက် ဖြစ်ကာ ဗီဒီယို ဇာတ်ကားပေါင်း များစွာကို ရိုက်ကူးထားကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလေး ဖြစ်ပါတယ်။

Photo Credit -Moe Hay Ko FB Account
Photo Credit -Moe Hay Ko FB Account
Photo Credit -Moe Hay Ko FB Account
Photo Credit -Moe Hay Ko FB Account

ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ မိုးကတော့ ကျော့ရှင်းလှပတဲ့ ပင်ကိုယ်အလှတရားတွေ ရှိသူလေး ဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ ခန္တာကိုယ်လေးကို ပိုင်ဆိုင်ကာ အသက်အရွယ်နဲ့ လိုက်ဖက်အောင် ဝတ်စား ဆင်ယင်တတ် တာကြောင့် ပုရိသတွေရဲ့ သည်းသည်းလှုပ်ချစ်တာကို ခံနေရတာ ပဲဖြစ်ပါတယ်။ကျန်းမာရေးလည်း လိုက်စားတတ်တဲ့ မိုးဟာ ဆယ်ကျော်သက်လေးတွေလို အမြဲနုပျိုလန်းဆန်း နေတာ လည်း တွေ့ရပါတယ်။

Photo Credit -Moe Hay Ko FB Account
Photo Credit -Moe Hay Ko FB Account
Photo Credit -Moe Hay Ko FB Account
Photo Credit -Moe Hay Ko FB Account

လတ်တလောမှာတော့ သူမရဲ့ Facebook စာမျက်နှာထက်တွင် “ချစ်တဲ့ ပရိသတ်ကြီးရေ . . . မိုးကိုယ်တိုင်ပြောပြမယ့် မိုးအကြောင်းတွေကို သိချင်လားရှင်။ သိချင်တယ်ဆိုရင်တော့ မိုးရဲ့ youtube channel နဲ့ Instagram မှာတင်ပေးမယ့် "မိုးကိုယ်တိုင်ပြောမယ့် မိုးဟေကိုအကြောင်း" ဆိုတဲ့ အစီအစဉ်လေးကို စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ မမေ့နဲ့နော်။”ဆိုပြီး ပရိသတ်တွေ အတွက် ဗီဒီယိုလေးကို မျှဝေပေးလာတာ ဖြစ်ပါတယ်။မိုးကိုချစ်တဲ့ ပရိသတ်တွေ ကြည့်ရှုခံစား အားပေးနိုင်အောင် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်နော်…….။

Photo Credit -Moe Hay Ko FB Account
Photo Credit -Moe Hay Ko FB Account

သတင်း အရင်းအမြစ်Moe Hay Ko FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T