သူနေတဲ့အိမ်ပတ်ဝန်းကျင်မှာတွေ့ကြုံခဲ့ရသောကြောက်လန့်ဖွယ်သေနတ်ဖြင့်ပစ်ခတ်မှုအကြောင်းပြောပြလာတဲ့ ဥက္ကာမင်းမောင်

//s9.kh1.co/7f/7f5390bc059ec7059120a37fc396481e3788244a.jpeg
အနုပညာရှင်များ

 ၁၉-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ဥက္ကာမင်းမောင်ကတော့  လက်ရှိမှာ  အမေရိကန်နိုင်ငံ  နယူးယောက်မြို့တွင်  အခြေကျနေထိုင်ကာ  အလုပ်လုပ်နေပြီး  မြန်မာနိုင်ငံသို့ မကြာခဏပြန်လာလေ့ရှိပြီး  အနုပညာလှုပ်ရှားမှုတွေ  လုပ်ကိုင်နေတာလည်း  ဖြစ်ပါတယ်။  သူဟာ  မကြာသေးခင်က  အိမ်အသစ်လေးကို ပြောင်းရွှေ့နေထိုင်ကာ  အသုံးအဆောင်ပစ္စည်းတွေကအစ  ကိုယ်တိုင်ပြင်ဆင်နေတာလည်း  ဖြစ်ပါတယ်။ လွန်ခဲ့တဲ့   နာရီပိုင်းလောက်ကလည်း  သူနေထိုင်တဲ့ရပ်ကွက်အတွင်းတစ်ခါမှမကြုံဖူးတဲ့ ဒုစရိုက်အကြောင်းလေးကို ရေးသားပြောပြလာတာပဲ  ဖြစ်ပါတယ်။  

Photo Crd- Okkar Min Maung’s Facebook Page 

"အိမ်နား က လမ်းထိပ်မှာ ​သေနတ်နဲ့ ပစ်ခတ်မှုဖြစ်လို့တဲ့ ရဲ​တွေ ​ရောက်လာတာ.. ရဲတ​စ်ယောက်ကို စပ်စုပြီး​မေးလိုက်တာ လွန်ခဲ့တဲ့ နာရီဝက်​လောက်က ဖြစ်တာတဲ့.. ည ၈ နာရီ​လောက်က.. လူ​သေလားမ​သေလား​တော့ မသိစက်ဘီးတစ်စီး​တော့ လဲ​နေတယ်.. အိမ်ထဲမှာဆို​တော့ ဘာသံမှ မကြားလိုက်ဘူး..  အခု ဟင်းချက်ဖို့ စျေးသွားဝယ်ရင်း ​တွေးမိတာပါ ကိုယ်သာ အိမ်က နဲနဲ​စောထွက်ခဲ့ရင် မ​တွေးရဲစရာ..​​ကြောက်​တော့လဲမ​ကြောက်ပါဘူး..

Photo Crd- Okkar Min Maung’s Facebook Page 
Photo Crd- Okkar Min Maung’s Facebook Page 
Photo Crd- Okkar Min Maung’s Facebook Page 
Photo Crd- Okkar Min Maung’s Facebook Page 

 ညသန်း​ခေါင် ၃နာရီ ၄ နာရီလဲ တ​စ်ယောက်ထဲ​ခွေးထွက်​ကျောင်း​နေကျ.. New York မှာ​နေတာ ၁၁ နှစ်​ကျော်ပြီ.. ကိုယ်​နေတဲ့ အိမ်ပတ်ဝန်းကျင်မှာ အဲ့လို ဒုစရိုက်မှုမျိုး ဖြစ်တာ ကိုယ်​တွေ့မကြုံဖူး​သေးဘူး.. အခု ပထမဦးဆုံးပဲ.. အိမ်ပတ်ဝန်းကျင်မှာ Homeless ​တွေ​တော့များတယ်..သူတို့ကို​ဆေးကု​ပေးတဲ့ ​ဆေးခန်းကြီးရှိလို့.. ​​ဘေးက နှစ်​တိုက်​ကျော်က senior housing တစ်ခုရှိ​တော့ အဖိုးကြီးအဖွားကြီး​တွေ wheelchair နဲ့ လူကြီး​တွေ အများကြီး.. ပတ်ဝန်းကျင်က တိတ်ဆိတ်​အေးချမ်းပါတယ်.. ဒီလိုမျိုးဖြစ်လိမ့်မယ်လို့ မထင်ထားဘူး.. ဘယ်သူမှ မ​သေပါ​စေနဲ့ဆု​တောင်းပါတယ်.. အံ့သြတယ် လူ​တွေလဲ.. တ​စ်နေ့တစ်​နေ့ ​​ထောင်ထဲမှာ မျက်နှာသစ်ချင်တဲ့ဟာ​တွေ “ဆိုပြီးရေးသားထားတာပဲ ဖြစ်ပြီး  ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်  ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Okkar Min Maung’s Facebook Page 

Photo Crd- Okkar Min Maung’s Facebook Page 
Photo Crd- Okkar Min Maung’s Facebook Page 
Photo Crd- Okkar Min Maung’s Facebook Page 
Photo Crd- Okkar Min Maung’s Facebook Page 
Photo Crd- Okkar Min Maung’s Facebook Page 
Photo Crd- Okkar Min Maung’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T