မြတ်စွာဘုရားနှင့်ရဟန္တာဆွမ်းကပ်ပုံအဆင့်ဆင့်လေးကို လာလာမေးနေကြတဲ့သူတွေအတွက် ချက်ကျလက်ကျ ရှင်းပြပေးလိုက်တဲ့ မေဦး

//s9.kh1.co/ee/ee82320f82177d7f964c991bdce49845bde90e11.jpg
အနုပညာရှင်များ

 ၁၉-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

နိုင်ငံကျော် မိတ်ကပ်ဖန်တီးရှင် မေဦးကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ ယခုအခါမှာတော့ မေဦးဟာ“မြတ်စွာဘုရားနှင့်ရဟန္တာဆွမ်းကပ်ပုံအဆင့်ဆင့်လေးကို မေးနေကြလို့သေချာလေးတင်ပေးပါတယ်။ဩကာသကန်တော့ ငါးပါးသီလခံယူ ကံကြွေးကြေဆုတောင်းကန်တော့ ခင်ပွန်းကြီး ၁၀ ပါးကန်တော့ အထူးနတ်ပင့်ပြီး ဘုရားရှင်နှင့်ရဟန္တာများကြွရောက်လာဖို့ရှောက်ထားပါတယ်။(မေဦးကတော့ မနေ့ညကတည်း ဘုရားရှင်နှင့်ရဟန္တာများကြွဖို့ကြိုပင့်ဖိတ်ထားပါသေးတယ် အထူးနတ်ပင့်ကို လည်းပင့်ဖိတ်ထားပါသေးတယ်)” ဆိုပြီး သူလုပ်ပြီးသော ကုသိုလ်ကောင်းမှုတွေကို မျှဝေပေးလိုက်တာ ပဲဖြစ်ပါတယ်။

Photo Crd - May Oo Facebook account
Photo Crd - May Oo Facebook account
Photo Crd - May Oo Facebook account
Photo Crd - May Oo Facebook account

နောက်ပြီး သူ့ကိုမေးနေကြတဲ့ ဆွမ်းကပ်ပုံကို ပြောပြထားတာ ပဲဖြစ်ပါတယ်။

“၁-မြတ်စွာဘုရားရှင်နှင့်ရဟန္တာများမိမိအိမ်ကြွ လာတာကိုရည်မှန်းပြီး ခြေတော်သုတ်ခြေ သုတ်ဝတ်အားဆပ်ကပ်ပါတယ် (မြတ်စွာဘုရားမှစပြီးရဟန္တာများလေးပါး အားတပါးခြင်းခြေသုပ်ပေးပြီးနှဖူးနှင့်ထိထိကာအာရုံပြုပါတယ်)

၂-မြတ်စွားဘုရားနှင့်ရဟန္တာများလက်တော်ဆေးရန်အတွက် လက်တော်ဆေးရေကိုရည် မှန်းပြီးကပ်ပါတယ် မြတ်စွာရားအားအရင်ကပ်ပြီးမှရဟန္တာများကပ်ပါတယ်

၃-မြတ်စွာဘုရားရှင်းအားသက်တော်ထင်ရှား ရှိကဲ့သို့ရည်မှန်းပြီး အရင်ဆုံးသက်သက်လွတ်ဆွမ်းစပြီးကပ်ပါတယ် ပြီးမှ ဘုရားရှင်နှင့်တစ်ကွ ရဟန္တာလေးပါးအား ထပ်မံရည်မှန်းပြီး သံဃသဒေမ နိဗ္ဗာန်နပစ္စယော ဟွန်တိပါဘုရားလို့ ပြောပြီးစားပွဲလေးမ ကပ်ပါတယ်

၄- ဘုရားရှင်ရဟန္တာများဆွမ်းဘုန်းပေးနေတယ်လို့ရည်မှန်းပြီး ယပ်တော်သွင်းကာ ဝေယျာဝိစ္စဒါနလေး၁၀ မိနစ်လောက်ထပ်မံ ပြုပါတယ်

၅-မင်္ဂလသုတ်၊ရတနသုတ်၊မေတ္တာသုတ်၊ ဗောဇ္ဇုင်္ဂသုတ်၊မဟာသမယသုတ်၊ ပဠာန်းတရားတော်ကိုရွတ်ဖတ်ပါတယ်

Photo Crd - May Oo Facebook account
Photo Crd - May Oo Facebook account
Photo Crd - May Oo Facebook account
Photo Crd - May Oo Facebook account
Photo Crd - May Oo Facebook account
Photo Crd - May Oo Facebook account

ဆက်လက်ပြီး

၆-အထူးမေတ္တာပို့ပါတယ် -အထူးအမျှဝေပါတယ်

၇-ဆွမ်းဘုန်းပြီးတယ်မှတ်ယူရည်မှန်းပြီး လက်တော်ဆေးရေထပ်ကပ်ပါတယ်

၈-မြတ်စွာဘုရားရှင်နှင့်ရဟန္တာများပြန်ကြွ တယ်မှတ်ယူပြီးပြန်ပို့ကာ ဦးသုံးကြိမ်ကို နဖူးနှင့်ထိကာကန်တော့ပါတယ်

၉-ဆွမ်းများကို ဘုရားတပည့်တော်တို့မိသားစု ကိုဆေးအဖြစ် ချီးမြှင့်တော်မှုပါစွန့်တော်မှုပါ ထို့အပြင်ဆင်းရဲချို့တဲ့သောသူများနှင့် မြင်အပ်မမမြင်အပ်သော ဝေမာနိကပြိတ္တာ များအားစွန့်တော်မှုပါလို့ ထပ်ပြောပြီး ဆွမ်းများစွန့်ပါတယ်…..” ဆိုကာ ဆွမ်းကပ်ပုံ အဆင့်ဆင့် ဖော်ပြလာတာ ကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်တာ ပဲဖြစ်ပါတယ်နော်….။

Photo Crd - May Oo Facebook account
Photo Crd - May Oo Facebook account
Photo Crd - May Oo Facebook account
Photo Crd - May Oo Facebook account
Photo Crd - May Oo Facebook account
Photo Crd - May Oo Facebook account
Photo Crd - May Oo Facebook account
Photo Crd - May Oo Facebook account

သတင်း အရင်းအမြစ်May Oo Facebook account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T