ချစ်စရာသမီးလေးအတွက် ကြည်နူးပျော်ရွှင်စရာလေးတွေကိုဖန်တီးပေးပြီး ဂရုတစိုက်စောင့်ရှောက်ပေးကာ အချိန်ကုန်ဆုံးနေတဲ့ ကောင်းခန့်

//s9.kh1.co/1a/1a37b4b210e6ffe1bcf5f4e818988d34d4c0b585.jpg
အနုပညာရှင်များ

 ၁၉-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

မင်းသား ကောင်းခန့်ကတော့ ဆယ်စုနီးပါးလောက် အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးဝန်းရံမှုကို ရရှိခဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကောင်းခန့်ဟာ ဗီဒီယိုဇာတ်ကားတွေနဲ့ ကြော်ငြာတွေကို များစွာရိုက်ကူးထားခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကောင်းခန့်က အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကိုလည်း လုပ်ကိုင်နေတာ တွေ့ရပါတယ်။

Photo Credit - Kaung Khant fb account
Photo Credit - Kaung Khant fb account
Photo Credit - Kaung Khant fb account
Photo Credit - Kaung Khant fb account

ဒါ့အပြင် ကောင်းခန့်က သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကိုတည်ဆောက်ထားပြီး ချစ်စရာသမီးလေးတစ်ယောက်ကိုလည်း မွေးထားပါသေးတယ်။ မကြာခဏဆိုရင်လည်း မိသားစုလေးရဲ့ ကြည်နူးစရာကောင်းတဲ့ ပုံလေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးတာတွေ့ရပါတယ်။ ယခုမှာလည်း ကောင်းခန့်က ပရိသတ်ချစ်အားပိုလောက်မယ့် ပုံလေးတွေကို သူ့ရဲ့ လူမှုကွန်ယက်မှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit - Kaung Khant fb account
Photo Credit - Kaung Khant fb account
Photo Credit - Kaung Khant fb account
Photo Credit - Kaung Khant fb account

ဒီပုံလေးတွေကတော့ ချစ်စရာကောင်းတဲ့ သမီးလေးရဲ့ ဘေးမှာအတူနေပြီး ဂရုစိုက်ကြင်နာမှုတွေပေးကာ တစ်နေ့ရဲ့အချိန်တွေကို ကြည်နူးစရာဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ကောင်းခန့်ဟာ တာဝန်ကျေတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပြီး မိသားစုအပေါ်ကို စစ်မှန်ချစ်ခြင်း မေတ္တာနဲ့ တည်ဆောက်ဖန်တီးထားကို တွေ့ရပါတယ်။ ကဲ..ပရိသတ်ကြီးရေ သာယာပျော်ရွှင်ပြီး အေးချမ်းတဲ့မိသားစုလေးကို ရရှိထားတဲ့ မင်းသားချောလေး ကောင်းခန့်ကို အရင်ကထက်ချစ်ပေးပါဦးနော်..။

Photo Credit - Kaung Khant fb account
Photo Credit - Kaung Khant fb account
Photo Credit - Kaung Khant fb account
Photo Credit - Kaung Khant fb account

သတင်း အရင်းအမြစ်Source - Kaung Khant fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T