ချစ်သူကောင်မလေးက သူ့ကိုဂရုတစိုက်နဲ့ Skin Care လုပ်ပေးနေတာကြောင့် ငြိမ်ငြိမ်လေးနေပြီး ပြုံးစိစိမျက်နှာလေးနဲ့ သဘောကျနေတဲ့အိစိကွေး

//s9.kh1.co/11/11e689d4e0a8935e88b0aae9712b50d7539a0d33.jpg
အနုပညာရှင်များ

 ၁၉-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ချစ်သူကောင်မလေးက သူ့ကိုဂရုတစိုက်နဲ့ Skin Care လုပ်ပေးနေတာကြောင့် ငြိမ်ငြိမ်လေးနေပြီး ပြုံးစိစိမျက်နှာလေးနဲ့ သဘောကျနေတဲ့အိစိကွေး

အိစိကွေးကတော့ အခုဆိုရင် ပရိသတ်တွေရဲ့ရှေ့မှောက်မှာတင် တဖြည်းဖြည်းနဲ့ အရွယ်ရောက်ပြီး ကြီးပြင်းလာခဲ့တာ ဖြစ်ပါတယ် ။ ကလေးသရုပ်ဆောင်အဖြစ် အနုပညာအလုပ်တွေကို ငယ်စဥ်ကတည်းက လုပ်ကိုင်ခဲ့တဲ့ အိစိကွေးက ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာလည်း အိစိကွေးက အနုပညာလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းပြီး ဇာတ်လမ်းတွဲတွေနဲ့ ဇာတ်ကားတွေ ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Eisi Kway's FB Acc
Photo Credit-Eisi Kway's FB Acc
Photo Credit-Eisi Kway's FB Acc
Photo Credit-Eisi Kway's FB Acc

အိစိကွေးက အသက်ငယ်ပေမယ့် ထက်မြက်ပြီး အရည်အချင်းရှိတာကြောင့် ကိုယ်ပိုင်စီးပွားရေးကိုတောင် တစ်နိုင်တစ်ပိုင်လေး လုပ်ကိုင်နေပြီ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ပရိသတ်တွေက အိစိကွေးကိုဆိုရင် အမြဲတမ်း စောင့်ကြည့်အားပေးပြီး ချစ်ခင်နေကြတာ ဖြစ်ပါတယ် ။ အခုလည်း အိစိကွေးက "ဘာမှ မတင်တာကြာလို့ ဒါလေးပဲ အရင်ကြည့်ထား Skincare လုပ်‌နေတာ " ဆိုပြီး ဗီဒီယိုလေးတစ်ခုကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေထားတာပဲ ဖြစ်ပါတယ် ။

Photo Credit-Eisi Kway's FB Acc
Photo Credit-Eisi Kway's FB Acc
Photo Credit-Eisi Kway's FB Acc
Photo Credit-Eisi Kway's FB Acc

အိစိကွေးကတော့ သူ Skin Care လုပ်နေတာကို အစကနေ အဆုံးအထိ ဗီဒီယိုလေး ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် အိစိကွေးက သူ့ကိုဂရုတစိုက်နဲ့ Skin Care လုပ်ပေးနေတဲ့ ကောင်မလေးကိုကြည့်ရင်း မျက်နှာလေးကပြုံးရွှင်‌ပြီး အရမ်းတွေသဘောကျနေတာ ဖြစ်ပါတယ် ။ ကောင်မလေးက သေသေချာချာလေး ဂရုစိုက်ပေးလိုက်တာကြောင့် အိစိကွေးရဲ့မျက်နှာလေးက အရင်ကထက်တောင် ဝင်းလက်ပြီး ပိုချောသွားတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အိစိကွေးရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Eisi Kway's FB Acc

Photo Credit-Eisi Kway's FB Acc
Photo Credit-Eisi Kway's FB Acc
Photo Credit-Eisi Kway's FB Acc
Photo Credit-Eisi Kway's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T