နှစ်သစ်အလှူအဖြစ် ဗောဓိရိပ်ငြိမ်ဆရာတော်ကြီးထံ သွားရောက်အလှူပြုခဲ့တဲ့ မေခလာတို့ မိသားစု

//s9.kh1.co/56/5610d08e06a01b5c3cbbf7f2b3224a6e588ff009.jpg
အနုပညာရှင်များ

 ၁၉-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် မေခလာတို့ မိသားစုလေးကတော့ အလှူဒါနဆိုရင် လက်မနှေးတတ်သူတွေပါနော်။ အနုပညာလောကမှာ ယနေ့အချိန်ထိ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်နေဆဲ ဖြစ်တဲ့ မေခလာက ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း တစ်ခဲနက်ရရှိထားတာပါ။ သရုပ်ဆောင် မင်းသားကြီး ဦးရန်ကျော်နဲ့အတူ ရွှေလက်တွဲထားတာဖြစ်ပြီး သမီးငယ်လေးတစ်ယောက်ကိုလည်း မွေးဖွားထားပါသေးတယ်။

Photo credit - May Khalar's FB Account 
Photo credit - May Khalar's FB Account 
Photo credit - May Khalar's FB Account 
Photo credit - May Khalar's FB Account 

သာယာပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်တဲ့ မေခလာရဲ့ ဘဝလေးက ပြီးပြည့်စုံတာလည်း ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အသစ်သစ်တွေကိုလည်း ဖန်တီးတင်ဆက်နေသလို ဘဝရဲ့ အဓိပ္ပါယ်ရှိတဲ့ နေ့ရက်တွေကိုလည်း အကျိုးရှိရှိလျှောက်လှမ်းနေတဲ့ မေခလာက မကြာသေးတဲ့အချိန်ကလည်း အလှူကြီးတစ်ခုကို ပြုလုပ်လိုက်တာပါ။ 

Photo credit - May Khalar's FB Account 
Photo credit - May Khalar's FB Account 
Photo credit - May Khalar's FB Account 
Photo credit - May Khalar's FB Account 

မေခလာက အလှူပြုပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်မှာ တင်ပေးလာရင်း " ဗောဓိ ရိပ်ငြိမ်ဆရာတော်ကြီးအားကိုရန်ကျော် ကိုသူရ သားဖြိုးမြတ်အောင် မေခလာ မလေးခိုင်နဲ့ သမီးများက လှုဒါန်းမှု အစုစု နဲ့အတူ ကုသိုလ်ကောင်းမှု့ ပြု ခဲ့ပါတယ် ပြုသမျှကုသိုလ် အစုစုကို အမျှ ပေးဝေပါတယ် အမျှ အမျှ အမျှ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားလာတာပါ။ ချစ်ရတဲ့ ပရိသတ်တွေ သိရှိစေဖို့အတွက် မေခလာရဲ့ အလှူပြုပုံရိပ်လေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်...။

Photo credit - May Khalar's FB Account 
Photo credit - May Khalar's FB Account 
Photo credit - May Khalar's FB Account 
Photo credit - May Khalar's FB Account 

သတင်း အရင်းအမြစ် Source - May Khalar's FB Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T