ဒရမ်တီးတော်တဲ့သားလေးရဲ့ စကေးတွေကြောင့် ဖခင်ဇော်ပိုင်အပြင်ပရိသတ်တွေကပါ ချီးကျူးနေကြရတဲ့ ရွှေပိုင်လေးရဲ့ဗီဒီယို

//s9.kh1.co/b4/b4841e1012cc67855380ae15bbf33b063db2c0d4.jpg
အနုပညာရှင်များ

 ၁၉-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ဂီတအနုပညာလောကမှာ ဆွဲဆောင်မှုရှိတဲ့အသံပါဝါကောင်းကောင်း အသံချိုချိုအေးအေးလေးနဲ့ သီချင်းကောင်းလေးတွေများစွာ သီဆိုထားကာ အောင်မြင်နေတဲ့ အဆိုတော်ကတော့ ဇော်ပိုင်ပဲ ဖြစ်ပါတယ်နော်..။

ဆယ်စုနှစ်တွေကတည်းက ယနေ့အချိန်ထိ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်စွာလျှောက်လှမ်းနေတဲ့ ဇော်ပိုင်ကတော့ ချစ်စဇနီးချောလေးအပြင် ချစ်စရာကောင်းတဲ့ သားသားလေးကိုလည်း ပိုင်ထားကာ ကြည်နူးပျော်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါ..။

Photo Credit - Zaw Paing's Fb Page
Photo Credit - Zaw Paing's Fb Page
Photo Credit - Shwe Paing's Fb Page
Photo Credit - Shwe Paing's Fb Page

ဇော်ပိုင်ရဲ့သားလေး ရွှေပိုင်ကလည်း ပရိသတ်တွေရဲ့ မျက်စိရှေ့မှာတင်တဖြည်းဖြည်း အရွယ်ရောက်လာခဲ့ပြီး ချစ်စရာကောင်းလွန်းသလို လိမ္မာယဉ်ကျေးလွန်းတာမို့လည်း ပရိသတ်တွေအားလုံးကချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်နော်..။

သားသားလေးနဲ့အတူ မိသားစုပုံရိပ်လေးတွေကိုလည်း အမြဲမျှဝေလေ့ရှိတဲ့ ဇော်ပိုင်ကတော့ အနုပညာပိုင်းမှာလည်း ထူးချွန်တဲ့သားသားကြောင့် ဂုဏ်ယူနေရပြီး ဒရမ်တီးတော်တဲ့ သားလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ဝေမျှလာပါတယ်နော်..။

Photo Credit - Shwe Paing's Fb Page
Photo Credit - Shwe Paing's Fb Page
Photo Credit - Shwe Paing's Fb Page
Photo Credit - Shwe Paing's Fb Page

"သားသားချစ်တဲ့အားလုံးခင်ဗျာ❤️❤️❤️

သားသားတီးထားတဲ့Metallica ရဲ့ Enter Sandman (Drum Cover )ပါခင်ဗျာ။???.." ဆိုပြီး ရွှေပိုင်လေးရဲ့ ဗီဒီယိုဖိုင်လေးကို ဝေမျှထားတာပဲ ဖြစ်ပါတယ်..။

ဒရမ်တီးတော်လွန်းတဲ့သားသားလေးကို ဖေဖေဇော်ပိုင်တစ်ယောက် ချစ်မဝဖြစ်နေရပြီး သားလေးရဲ့အမိုက်စားစကေးတွေကြောင့် ပရိသတ်တွေကပါ ချီးကျူးနေကြတာကိုလည်း Comment လေးတွေမှာ တွေ့မြင်ရပါတယ်နော်..။

Photo Credit - Shwe Paing's Fb Page
Photo Credit - Shwe Paing's Fb Page
Photo Credit - Shwe Paing's Fb Page
Photo Credit - Shwe Paing's Fb Page

သတင်း အရင်းအမြစ်Shwe Paing's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T