မိမိဘဝမှာ အဆိုးတရားများနှင့်ကြုံတွေ့လာချိန် မေတ္တာများများပွားသင့်ပါတယ်ဆိုပြီး တန်ဖိုးရှိတဲ့ စကားလေးတွေကို ပြောပြလာတဲ့ မနော

//s9.kh1.co/07/07485b9b2af665ca5ed2fa58d94480a901e975b1.jpg
အနုပညာရှင်များ

 ၁၉-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် မနောကတော့ ဂီတလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားတဲ့ အကောင်းဆုံးလျှောက်လှမ်းလာတဲ့ သူပဲ ဖြစ်ပါတယ်။ မနောရဲ့ တေးသီချင်းတွေကလည်း လူကြီး၊ လူငယ်မရွေး သဘောကျကြိုက်နှစ်သက်ပြီး လက်ရှိအချိန်ရေပန်းစားနေတဲ့ သီချင်းကောင်းတွေပဲဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ မနောက အနုပညာအလုပ်တွေကို အကောင်းဆုံး ကြိုးစားနေတဲ့အပြင် တစ်ဖက်မှာလည်း ကိုယ်ပိုင်စီးပွားရေးအလုပ်ကို လုပ်ကိုင်နေတာ တွေ့ရပါတယ်။

Photo Credit - မနော Manaaw fb page
Photo Credit - မနော Manaaw fb page
Photo Credit - မနော Manaaw fb page
Photo Credit - မနော Manaaw fb page

သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး သမီးလေးနဲ့ သားလေးတို့ကိုမွေးထားကာ ဘဝကိုရိုးရှင်းစွာ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ မနောက စိတ်သဘောထားပြည့်ဝပြီး ပျော်ပျော်ပါးပါးနေတတ်ပြီး သူတစ်ပါးပေါ်ကိုလည်း အမြဲကူညီတတ်တာကြောင့် ပရိသတ်တွေလေးစားနေရတဲ့ အနုပညာရှင်ပဲဖြစ်ပါတယ်။ ယခုမှာဆိုရင်တော့ မနောက ပရိသတ်တွေအတွက် အကျိုးရှိစေမယ့် တန်ဖိုးရှိတဲ့ စကားလေးတွေကို ပြောပြလာခဲ့ပါတယ်။

Photo Credit - မနော Manaaw fb page
Photo Credit - မနော Manaaw fb page
Photo Credit - မနော Manaaw fb page
Photo Credit - မနော Manaaw fb page

"မိမိဘဝမှာ အဆိုးတရားများနှင့်ကြုံတွေ့လာချိန် မေတ္တာများများပွားသင့်ပါသည် မိမိအပေါ် ပြဿနာရှာမည့်သူကို ရည်ရွယ်ပြီး မေတ္တာပို့ပေးပါ အမုန်းမပွားစေရန်နှင့် အန္တရာယ်မပြုစေရန် မိမိအပေါ် ချစ်ခင်စိတ်ဖြစ်ပေါ်လာစေရန်ထိုသူရဲ့ကိုယ်စောင့်နတ်ကိုအမျှဝေပေးသင့်ပါသည် လက်ရှိမိမိခံစားနေရသည့် အပူကိုလည်း တရားနာပြီးအေးနိုင်သမျှအေးချမ်းအောင်နေထိုင်သင့်ပါသည် အားလုံး လုပ်သင့်တာလုပ်ပြီးလျှင် သေချာစဉ်းစားတွေးခေါ်ပြီး စိတ်ငြိမ်ပြီဆိုမှ ထိုကိစ္စကိုဖြေရှင်းပါ ဒါမှအတွေးအမှန်အမြင်မှန်ကိုရစေမယ်ပေါ့ခင်ဗျာ ဒေါသ အပူတွေနှင့်မတုန့်ပြန်သင့်ပါအမှားပါတတ်ပါသည် ....အားလုံးသာယာချမ်းမြေ့ပါစေ" ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်တွေလည်း မနောရဲ့ တန်ဖိုးရှိတဲ့ စကားလေးတွေကြောင့် အသိတရားလေးတစ်ခု ရသွားစေမယ်လို့လည်း ထင်မိပါတယ်။

သတင်း အရင်းအမြစ်Source - မနော Manaaw fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T