တစ်ယောက်သောသူရဲ့မျက်နှာကို ချက်ချင်းသတိရသွားစေလောက်တဲ့ နေရာလေးကို ဓာတ်ပုံနဲ့တကွဖော်ပြပြီး ရင်ဖွင့်လိုက်တဲ့ G Fatt

//s9.kh1.co/67/67dd824964cc8e09e91be00fa21a55c367dfc0b2.jpg
အနုပညာရှင်များ

 ၁၉-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

တစ်ယောက်သောသူရဲ့မျက်နှာကို ချက်ချင်းသတိရသွားစေလောက်တဲ့ နေရာလေးကို ဓာတ်ပုံနဲ့တကွဖော်ပြပြီး ရင်ဖွင့်လိုက်တဲ့ G Fatt

အဆိုတော် G Fatt ကတော့ ယနေ့ခေတ်လူငယ်ပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစားပြီး မသိသူမရှိလောက်အောင်ကို အောင်မြင်နေတဲ့သူတစ်ဦး ဖြစ်ပါတယ် ။ အဆိုကောင်းသလို သီချင်းရေးစပ်တဲ့နေရာမှာလည်း ထူးချွန်တဲ့ G Fatt က ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျစေနိုင်မယ့် သီချင်းကောင်းတွေ အများအပြားကို ဖန်တီးခဲ့တာ ဖြစ်ပါတယ် ။ G Fatt က ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းပြီး အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းရင်းနဲ့ ခြေလှမ်းအသစ်တွေအတွက် အမြဲတမ်းပြင်ဆင်နေတာ ဖြစ်ပါတယ် ။

Photo Credit-G Fatt's FB Acc
Photo Credit-G Fatt's FB Acc
Photo Credit-G Fatt's FB Acc
Photo Credit-G Fatt's FB Acc

သန့်ပြန့်ခန့်ညားတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး စတိုင်လ်ကျကျ ဝတ်ဆင်တတ်တဲ့ G Fatt ကိုတော့ မိန်းကလေးပရိသတ်တွေက လည်း အပြတ်အသတ် ဝန်းရံနေကြတာ ဖြစ်ပါတယ် ။ လတ်တလောမှာဆိုရင် G Fatt က သီချင်းဗီဒီယိုတွေ ရိုက်ကူးခဲ့သလို သူ့ရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက်လည်း ကြိုးစားခဲ့တာ ဖြစ်ပါတယ် ။ အခုတော့ G Fatt တစ်ယောက် သူ့ရဲ့ချစ်သူငယ်ချင်းတွေနဲ့အတူ သာယာလှပတဲ့နေရာလေးတစ်ခုကို ပျော်ပျော်ပါးပါး ခရီးထွက်လာခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit-G Fatt's FB Acc
Photo Credit-G Fatt's FB Acc
Photo Credit-G Fatt's FB Acc
Photo Credit-G Fatt's FB Acc
Photo Credit-G Fatt's FB Acc
Photo Credit-G Fatt's FB Acc

G Fatt က ခရီးစစထွက်ချင်းမှာပဲ Selfie ပုံလေးရိုက်ကာ ဓာတ်ဖမ်းပြီး My Story မှာတင်ပေးထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင်တောင်တန်းတွေနဲ့ စိမ်းစိုလှပတဲ့ နေရာလေးကိုရောက်တဲ့အခါမှာတော့ G Fatt က "ဒီတောင်တန်းတွေမြင်ရင် မင်းမျက်နှာငါသတိရတယ် " ဆိုပြီး ပုံတင်ခဲ့တာ ဖြစ်ပါတယ် ။ ကဲ တစ်ချိန်က အမှတ်တရတွေရှိခဲ့တဲ့နေရာလေးကို ပြန်ရောက်တဲ့အခါမှာ တစ်ယောက်သောသူရဲ့မျက်နှာကို သတိရမိကြောင်း ဖွင့်ဟလာတဲ့ G Fatt ရဲ့အကြောင်းကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-G Fatt's FB Story

Photo Credit-G Fatt's FB Story
Photo Credit-G Fatt's FB Story
Photo Credit-G Fatt's FB Story
Photo Credit-G Fatt's FB Story
Photo Credit-G Fatt's FB Acc
Photo Credit-G Fatt's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T