သမီးလေးတွေရဲ့ ကျန်းမာရေးကို အမြဲဂရုတစိုက်စောင်ကြည့်တတ်ပေမယ့် တစ်ခါတလေမှာ အလိုလိုက်ကာ အချစ်ပိုတတ်တဲ့ မေမေ နန္ဒာလှိုင်

//s9.kh1.co/2c/2c83aecb8b7213e2420ab6275f178eacc719bcb5.jpg
အနုပညာရှင်များ

 ၁၉-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းသမီးကြီး နန္ဒာလှိုင်ကတော့ အများက အားကျရတဲ့ အိမ်ထောင်ရေးနဲ့ သာယာပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါ။ အနုပညာအလုပ်တွေကို အိမ်ထောင်ပြုပြီး အချိန်ကတည်းက ရပ်နားထားတဲ့ နန္ဒာလှိုင်ကို ပရိသတ်တွေက ယနေ့တိုင် စွဲမက်စွာ အားပေးနေကြဆဲဖြစ်တာကိုလည်း တွေ့ရပါတယ်။ နန္ဒာလှိုင်ကလည်း သူမရဲ့ နေ့စဥ်လှုပ်ရှားမှုလေးတွေနဲ့ မိသားစု ကြည်နူးစရာအမှတ်တရလေးတွေကို လူမှုကွန်ယက်ဆိုရှယ်မီဒီယာထက်မှာ မျှဝေလေ့ရှိသူပါ။

Photo credit - Nandar Hlaing 's FB account 
Photo credit - Nandar Hlaing 's FB account 
Photo credit - Nandar Hlaing 's FB account 
Photo credit - Nandar Hlaing 's FB account 

သူမရဲ့ ခင်ပွန်းသည် ဦးဇေသီဟ ကလည်း ချစ်ဇနီးလေးအပေါ် နားလည် ဂရုစိုက်ကာ လိုလေသေးမရှိအောင် ထားတာဖြစ်ပြီး သမီး၃ယောက်အပေါ်မှာလည်း ဖခင်တာဝန်ကျေပွန်သူပါ။ ဝကစ်ကစ်လေးတွေနဲ့ အသည်းယားစရာကောင်းတဲ့ သမီးလေး ၃ယောက်ကို အမြဲစည်းကမ်းတကျထားပြီး ပညာရေးကို အလေးပေးကာ ပြုစုပျိုးထောင်တာကိုလည်း ပရိသတ်တွေအသိပဲ ဖြစ်ပါတယ်

Photo credit - Nandar Hlaing 's FB account 
Photo credit - Nandar Hlaing 's FB account 
Photo credit - Nandar Hlaing 's FB account 
Photo credit - Nandar Hlaing 's FB account 

ဒါ့အပြင် သမီးလေးတွေရဲ့ ကျန်းမာရေးနဲ့ အလှအပတွေကိုလည်း အမြဲအရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးတဲ့ မေမေ နန္ဒာလှိုင်က ယနေ့မှာတော့ သူတို့လေးတွေကြိုက်တတ်တဲ့ ပီဇာလေးတွေကျွေးရင်း " သမီးကြီးဝိတ်လျှော့နေတာမို့သူအရမ်းကြိုက်တဲ့အစားအစာတွေအိမ်မှာမဝယ်တာကြာပါပြီ သမီးကြီးကိုမကျွေးတော့အငယ်လေးတွေလဲမစားရပါဘူး ဒီနေ့တရက်တော့လွတ်လပ်ခွင့်လေးပေးလိုက်ပါ့မယ်လေ " ဆိုပြီး ရေးသားတင်ပေးလာတာဖြစ်လို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်.... ။

Photo credit - Nandar Hlaing 's FB account 
Photo credit - Nandar Hlaing 's FB account 
Photo credit - Nandar Hlaing 's FB account 
Photo credit - Nandar Hlaing 's FB account 
Photo credit - Nandar Hlaing 's FB account 
Photo credit - Nandar Hlaing 's FB account 

သတင်း အရင်းအမြစ်Source - Nandar Hlaing 's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T