မင်းသားမဟုတ်ဘူးလို့ ဝေဖန်နေကြတဲ့သူတွေထံ ဗီဒီယိုဇာတ်ကားတွေရိုက်ခဲ့စဥ်က ပုံလေးတွေနဲ့အတူ ဖြေရှင်းလိုက်တဲ့ သားညီ

//s9.kh1.co/60/60ee5a1e5b99ba488cec96aeff02fbb82a8f7b60.jpg
အနုပညာရှင်များ

 ၁၉-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းသား သားညီကတော့ အမြဲစစနောက်နောက်နဲ့ ပျော်ပျော်နေတတ်သူပါ။ အနုပညာလောကမှာ ဆယ်စုနှစ်မက ကြိုးစားရပ်တည်လာတဲ့ သားညီက ယခုမှာဆိုရင် သရုပ်ဆောင်ပိုင်းမှာသာမကပဲ ဒါရိုက်တာတစ်ယောက်အဖြစ်နဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်နေရပြီလည်း ဖြစ်ပါတယ်။ ချောမောခန့်ညားတဲ့ သူရဲ့ ရုပ်ရည်ကြောင့် ခေါင်းဆောင်မင်းသားနေရာကနေ နှစ်ပေါင်းများစွာတိုင် ရိုက်ကူးလျက်ရှိတာပါ။

Photo credit - Thar Nyi's Facebook Account 
Photo credit - Thar Nyi's Facebook Account 
Photo credit - Thar Nyi's Facebook Account 
Photo credit - Thar Nyi's Facebook Account 

မင်းသမီးပေါင်းများစွာနဲ့လည်း ကာရိုက်တာပေါင်းစုံကို ပီပီပြင်ပြင် ကြိုးစားရိုက်ကူးတတ်တဲ့ သားညီက ပရိသတ်တွေကြား ယနေ့တိုင် နေရာယူနေဆဲဖြစ်ပါတယ်။ လူမှုကွန်ယက်ထက်မှာ အနုပညာလှုပ်ရှားမှုနဲ့ပတ်သတ်တဲ့ ပိုစ့်လေးတွေနဲ့ အရင်က အမှတ်တရလေးကို တင်ပေးလေ့ရှိတာကြောင့် ပရိသတ်တွေကလည်း စိတ်ဝင်တစား အားပေးကြတာကို တွေ့ရပါတယ်။ မကြာသေးတဲ့ နာရီပိုင်းအချိန်ကလည်း သားညီက လူမှုကွန်ယက်ထက်မှာ ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။ 

Photo credit - Thar Nyi's Facebook Account 
Photo credit - Thar Nyi's Facebook Account 

ဒါကတော့ သရုပ်ဆောင် မင်းသမီးကြီး ရတနာခင်နဲ့အတူ အနုပညာလှုပ်ရှားမှုတွေအတူလုပ်ခဲ့စဥ်က အမှတ်တရပုံရိပ်လေးတွေကို တင်ပေးလာတာပါ။ ပုံလေးတွေအပြင် " မင်းသားပါ ခင်ဗျာ မင်းသားပါ ရှေးရှေးတုန်းက မင်းသားပါ " ဆိုပြီး မင်းသားမဟုတ်ဘူးလို့ ဝေဖန်နေကြတဲ့ သူတွေထံ ဖေ့ဘွတ်စာမျက်နှာကတစ်ဆင့် တင်ပေးလာတာဖြစ်လို့ ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်နော် ။ 

Photo credit - Thar Nyi's Facebook Account 
Photo credit - Thar Nyi's Facebook Account 
Photo credit - Thar Nyi's Facebook Account 
Photo credit - Thar Nyi's Facebook Account 

သတင်း အရင်းအမြစ်Source - Thar Nyi's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T