သောက တွေ လောဘတွေ နည်းသွားချင်ရင် မသေမချင်းကူးနေမယ့် ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းစိတ်တွေကို ဘယ်လိုသတ်မှတ်ရမလည်း ဆိုတာ ပြောလာတဲ့ ထွန်းအိန္ဒြာဗိုလ်

//s9.kh1.co/70/707a8fe478689a20320cbd2404f634372fd49332.jpg
အနုပညာရှင်များ

 ၁၉-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ထွန်းအိန္ဒြာဗိုလ်ကို တော့ လူကြီး လူငယ် အားလုံး မရွေးသိကြမယ်ထင်ပါတယ်။ သီချင်းတွေကို သီဆိုဖန်တီးခဲ့ပြီး အနုပညာလောက ထဲကို စတင်ဝင်ရောက်လာတာပဲဖြစ်ပါတယ်။ ဗီဒီယိုခေတ်ကတည်း က သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေ အားပေးထောက်ခံမှုကို ရရှိလာခဲ့ကာ ဆယ်စုနှစ်မကအောင်မြင်ခဲ့သည်မှာ ယနေ့အချိန်ထိပဲဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေ အားပေးထောက်ခံမှုနဲ့ အတူ သူမရဲ့ ကြိုးစားမှုတွေကြောင့် အကယ်ဒမီဆုကြီး ကိုလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့ပြီး ဖြစ်ပါတယ်။

Photo Crd - Htun Aeindra Bo Facebook account
Photo Crd - Htun Aeindra Bo Facebook account
Photo Crd - Htun Aeindra Bo Facebook account
Photo Crd - Htun Aeindra Bo Facebook account

ယခုအချိန်မှာတော့ သူမဟာ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ဂီတအလုပ်တွေကို ရပ်နားထားကာ အနုပညာ အလုပ်တွေကို ဖြေးဖြေးမှန်မှန်လုပ်နေပြီး ပရိသတ်တွေနဲ့ အဆက်အသွယ် မပျက်ရှိနေတာ ပဲဖြစ်ပါတယ်။ ယခုအခါမှာလည်း စိတ်ရဲ့ သဘောထားတွေကို ပြောပြလာတာ ပဲဖြစ်ပါတယ်။ “ဝမ်းသာစရာ ကြုံလို့ ပျော်ရွှင်ရခြင်းဟာ ထိုအကြောင်းအရာကို သိတဲ့စိတ်က ဝမ်းသာခိုင်းတာပါ.....ဝမ်းနည်းစရာကိုလည်းဒီသဘောနဲ့ တွေးကြည့်ပါ ...မိမိစိတ်က လက်ခံမှု အတိမ်အနက်ပေါ်မူတည်ပြီး ဝမ်းသာမှု အကြီးအသေး ဝမ်းနည်းမှု အကြီးအသေးဖြစ်ကြရတာ ....ဒါကိုသေချာသိလာပြီးတဲ့နောက်ဝမ်းနည်းခြင်း ဝမ်းသာခြင်းစိတ်တွေရဲ့သဘာဝ ကို သိမြင်လာပါတယ်......”ဆိုပြီး ပြောပြထားတာ ပဲဖြစ်ပါတယ်။

Photo Crd - Htun Aeindra Bo Facebook account
Photo Crd - Htun Aeindra Bo Facebook account
Photo Crd - Htun Aeindra Bo Facebook account
Photo Crd - Htun Aeindra Bo Facebook account

ဆက်လက်ပြီး “စိတ်ဆိုတဲ့ နာမ်တရားက သူ့အလုပ်သူလုပ်နေတာပဲ.....စိတ်အလုပ်တွေ တစ်ခုပြီးတာနဲ့ နောက်တစ်ခု ကူးသွားအုံးမှာပါ.....မသေဆုံးမချင်း တစ်ခုပြီးတစ်ခု အကူးခံနေရ အုံးမှာလေ....စိတ်အလုပ်တွေလို့မြင်နိုင်ရင်သောကပဲဖြစ်ဖြစ်လောဘပဲဖြစ်ဖြစ်နယ်မြေကျုံ့သွားပါတယ် ...အဲ့ဒီမှာ အေးချမ်းမှုကို စ တွေ့တာပါပဲ ......” သောက တွေ လောဘတွေ နည်းသွားချင်ရင် မသေမချင်းကူးနေမယ့် ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းစိတ်တွေကို ဘယ်လိုသတ်မှတ်ရမလည်း ဆိုတာ သူမရဲ့ လူမှုကွန်ယက်စာ မျက်နှာမှာ ဖော်ပြလာတာ ကို ပရိသတ်တွေ အတွက်ပြန်လည် မျှဝေပေးလိုက်တာ ပဲဖြစ်ပါတယ်။

Photo Crd - Htun Aeindra Bo Facebook account
Photo Crd - Htun Aeindra Bo Facebook account
Photo Crd - Htun Aeindra Bo Facebook account
Photo Crd - Htun Aeindra Bo Facebook account
Photo Crd - Htun Aeindra Bo Facebook account
Photo Crd - Htun Aeindra Bo Facebook account

သတင်း အရင်းအမြစ်Htun Aeindra Bo Facebook account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T