ဦးခေါင်းဒဏ်ရာကြောင့် ယနေ့မှာကွယ်လွန်သွားပြီဖြစ်တဲ့ တေးရေးတေးဆိုလာဇရု အတွက် ဝမ်းနည်းကြေကွဲစရာ စာလေးရေးသားလာတဲ့ ကိုပေါက်

//s9.kh1.co/cb/cb65aa6a838cda618e5bcfb8ea3981ccecbbd8bf.jpg
အနုပညာရှင်များ

 ၁၉-ဇန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ အနိုင်ငံကျော် တေးရေးတေးဆို တစ်ယောက်ဖြစ်တဲ့ လာဇရု ဟာ ချော်လဲလို့ရခဲ့တဲ့ ဦးခေါင်းဒဏ်ရာကြောင့် ယနေ့ဇန်နဝါရီလ ၁၉ ရက်နေ့မှာ အနုပညာလောကနဲ့ ချစ်တဲ့သူတွေကို ခွဲခွာသွားခဲ့ပြီလို့သိရပါတယ်။ လာဇရုကွယ်လွန်သွားတာနဲ့ပတ်သက်ပြီး အနုပညာလောကက ညီအစ်ကိုမောင်နှမတွေကလည်း စိတ်မကောင်းဖြစ်ရတာကိုလည်း မြင်တွေ့ရပါတယ်။ ကိုပေါက်ကလည်း သူ့ရဲ့ လူမှုကွန်ယက်မှာ ဝမ်းနည်းကြေကွဲစွာနဲ့ စိတ်မကောင်းစာလေးရေးသားဖော်ပြထားပါတယ်။"ကြေကွဲစရာ များနဲ့ထွက်သွားလေသူ....ဘဲကြီးရေ...ခင်ဗျားနဲ့ကျွန်တော် စ ဆုံခဲ့တဲ့အချိန်တွေ မှတ်မိနေသေးတယ်......လာဇရုဆိုတာကို ဇော်ဝင်းထွဋ်အသံနဲ့တူလို့ စတင်သတိထားမိပြီးနောက် ခင်ခဲ့မင်ခဲ့ကြတယ်......

Photo Credit - Aung Min Naing fb account
Photo Credit - Aung Min Naing fb account
Photo Credit - Aung Min Naing fb account
Photo Credit - Aung Min Naing fb account

ဒါရိုက်တာမိုးအောင် (ကိုမိုးအောင်)နဲ့အတူတူကိုလာဇရုက ကျွန်တော်တို့ရဲ့သိဒ္ဓိရှင် ရိုက်ကူးရေးကို ရောက်ရောက်လာတတ်တယ်......ပျော်ပျော်ရွှင်ရွှင် ဟေးလားဝါးလား အတူတူနေခဲ့ကြပြီးဂျီးလတ်မုတ်ဆိပ်ရိတ်ဓား ကြော်ငြာအတွက်ကျွန်တော်ရေးတဲ့သီချင်းကို ခငိဗျားဆိုပေးခဲ့တယ်......လွန်ခဲ့တဲ့ အနှစ် (၂၀ ) လောက်ကပေါ့ဘောက်ထော်က Max studio မှာ အသံသွင်းတော့ဂျမား ကအသံဖမ်းတယ်......ကျွန်တော်နဲ့ကိုဇော်မင်းသိမ်းတို့ထောင်ထားတဲ့ The Parrs band နဲ့တီးကြတော့ ဂစ်တာ ဇော်မင်းသိန်းဘေ့စ် ကိုထွန်း ဒရမ် ဗီနိုထွန်းKB (မမှတ်မိတော့ပါ)Band မန်နေဂျာက ကျွန်တော်ကိုပေါက်ဆရာစံလမ်း သမဝါယမ စင်တာမှာ ကုန်စည်ပြပွဲလုပ်တော့ အပေါ်ဆုံးထပ်မှာ ကျွန်တော်တို့တီးဝိုင်းနဲ့အတူခင်ဗျားလာဆိုသေးတယ်.......အဲ့ဒီနောက် ကျွန်တော်ကတာမွေ တောင်မြင်းပြိုင်ကွင်းလမ်းအိမ်ကိုပြောင်းတော့ ခင်ဗျားနဲ့အိမ်နီးချင်းတွေဖြစ်ရပြန်တယ်....

Photo Credit - Aung Min Naing fb account
Photo Credit - Aung Min Naing fb account

လွန်ခဲ့တဲ့ ၄နှစ်လောက်က ပျော်ဘွယ်မြို့ တန်ဆောင်တိုင်ပွဲအတွက် ကိုဇော်မင်းသိန်းတို့အဖွဲ့နဲ့ ခင်ဗျားလိုက်မလားဆိုတော့ “လိုက်မှာပေါ့ ကိုပေါက်ကြီးကလည်း ငွေရေးကြေးရေးစကားမပြောဘူး ရှိုး မဆိုရတာကြာလို့ ဖျဲမယ်ဗျာ”တဲ့ပျော်ဘွယ်ကပြန်လာတော့ ကျွန်တော့ကိုဖုန်းဆက်ပြီးကျေးဇူးတင်ကြောင်းပြောလာတယ်....အဲ့နေ့ကထဲက မတွေ့ဖြစ် မဆုံဖြစ် မကြားရတော့တဲ့ခင်ဗျားရဲ့သတင်းက ပြန်ကြားရလိုက်ချိန် ရင်ထဲမကောင်းဘူးဗျာ.....ဘဲကြီးခင်ဗျား အရက်တွေအရမ်းသောက်သွားတယ်နော်.....နည်းနည်းလျော့ဦးလို့ပြောတော့“လျှော့ သောက်နေပါပြီ ရေရောတာ”တဲ့....ခင်ဗျားချစ်တဲ့သူငယ်ချင်းတွေ ဖြစ်တဲ့ ကိုမိုးအောင်(မိုးအောင်ရဲ့လက်ရာ)ကိုစိန်လင်း(ပုံရိပ်ရွှေမြေ)ကိုသန်းထိုက်(ကြော်ငြာဒါရိုက်တာ)တို့ကတော့ထွက်သွားနှင့်ကြပြီ.....အခုခင်ဗျားက သူတို့နောက်လိုက်သွားရပြန်ပြီဘာပဲဖြစ်ဖြစ်ဗျာကောင်းရာဘုံဘဝမှာ ခင်ဗျားချစ်တဲ့ သီချင်းတွေနဲ့နီးစပ်ခံစားခွင့်ရနေဦးမှာပါ....ကျူပ်တို့ကတော့ ခင်ဗျားရဲ့ ကြေကွဲစရာတွေနဲ့အသည်းကွဲတဲ့ရောဂါကိုကုဖို့ကြိုးစားပြီး ခင်ဗျားကို သတိရနေကြမှာပါ....

ကိုပေါက်ကြီးလို့အမြဲခေါ်တဲ့ခင်ဗျားရဲ့တစ်ခါက သူငယ်ချင်းကိုပေါက်" ဆိုပြီး စိတ်မကောင်းစရာ ရေးသားထားပါတယ်။ ကဲ...ပရိသတ်ကြီးရေ " အသည်းကွဲတဲ့ရောဂါ" ၊ " ကြေကွဲစရာ" စတဲ့ သီချင်းပိုင်ရှင်ဖြစ်တဲ့ တေးရေးတေးဆို လာဇရုကို ကောင်းရာမွန်ရာရောက်အောင် ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်.....။

Photo Credit -  Lin Khant Paing fb account
Photo Credit -  Lin Khant Paing fb account

သတင်း အရင်းအမြစ်Source - Aung Min Naing fb Acc

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T