မဒါဂတ်စကားကျွန်းသည် ပြင်သစ်အုပ်ထိန်းခံဖြစ်ခဲ့ကာ ယခုအခါမှာတော့ မဒါဂတ်စကား သမ္မတနိုင်ငံဆိုပြီး ၁၉၆ဝ ပြည့်နှစ် မှအစပြုကာ လွတ်လပ်သော အချုပ်အချာအာဏာပိုင်နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။ဒီကျွန်းဟာ ကမ္ဘာပေါ်တွင် စတုတ္ထမြောက် ကျွန်းကြီးဖြစ်ပြီး အလျားမိုင် ၉၈ဝ ရှိပြီး အကျယ်ဆုံးနေရာတွင် အနံမိုင် ၃၆ဝ ရှိပါတယ်။ မြို့တော်မှာ အန်တာနာနာရီဗိုမြို့ဖြစ်ကာ၊ အခြားမြို့ကြီးများမှာ အန့်ဆီရားဗေးနှင့် ဆိပ်ကမ်းမြို့များဖြစ်သော တားမားတေ့၊ ကာဂျွန်ဂါ၊ အန်းဆီးနားရေး(ဒယေးဂိုဆွားရေ့)တို့ ဖြစ်ပါတယ်။
ကျွန်း၏အလယ်ပိုင်း ကုန်းပြင်မြင့်တွင် မီးတောင်များရှိ လျက်၊ ယင်းတို့ဝယ် ရွှေ၊ လချေး၊ မဟူရာ၊ ဂရက်ဖိုက်နှင့် အခြားသယံဇာတ ပစ္စည်းအချို့ရှိပါတယ်။ အရှေ့ဘက် ကမ်းရိုးတန်းဟာ အပူပိုင်းသစ်တောများဖြင့် ထူထပ်စွာ ဖုံးအုပ်လျက်ရှိ သော်လည်း အလယ်ပိုင်းကုန်းပြင်မြင့်တွင် သစ်ပင်များခပ်ကျဲကျဲ သာ ပေါက်ရောက်ပါတယ်။ မဒါဂတ်စကားကျွန်း၏ ရာသီဥတုမှာ အပူပိုင်းဒေသ ရာသီဥတုမျိုးဖြစ်ပြီး ထူးခြားသော အချက် တစ်ခုမှာ မဒါဂတ်စကားကျွန်းသည် အာဖရိကတိုက်နှင့်နီးကပ် စွာ တည်ရှိသော်လည်း၊ မဒါဂတ်စကားကျွန်းရှိ တိရစ္ဆာန် တို့မှာ အာဖရိကတိုက်တွင်တွေ့ရသော တိရစ္ဆာန်မျိုးနှင့်မတူဘဲ ဝေးလံသော မလ္လယုကျွန်းစုမှ တိရစ္ဆာန်များနှင့်သာ တူခြင်းပဲဖြစ် ပေသည်။
မဒါဂတ်စကားကျွန်းတွင် လီမာမျောက်မှ လွဲ၍ အခြား သားရဲတိရစ္ဆာန်ကြီးများသော်လည်းကောင်း၊ အဆိပ်ပြင်းသော မြွေများသော်လည်းကောင်း နေထိုင်ခြင်းမရှိပါဘူး။ မဒါဂတ်စကားကျွန်းတွင် နေထိုင်သူ တိုင်းရင်းသားတို့ကို မာလာဂေဆီလို့ ခေါ်ကြပြီး ယင်းတို့သည် အာဖရိကန် သို့မဟုတ် နီးဂရိုး အဆက်အနွယ်များမဟုတ်ဘဲ အာရှတိုက်နှင့် အိုရှီယန်းနီးယား(ပစိဖိတ် သမုဒ္ဒရာတွင်းရှိ ကျွန်းများ) တွင် နေထိုင်သူများနှင့် နီးစပ်လှကာ ဘာသာစကား၊ ယဉ်ကျေးမှု အစရှိသည်တို့မှာလည်း ပေါ်လီနီးရှင်းနှင့် ပသျှူးတို့နှင့် ခပ်ဆင်ဆင်တူပါတယ်။
သတင်း အရင်းအမြစ်៖ Cracked