အသည်းယားစရာကောင်းတဲ့ အမူအရာလေးတွေနဲ့ သီချင်းကို လိုက်ဆိုရင်း ချစ်ရတဲ့ သူက တစ်ယောက်တည်းပဲလို့ ပြောလိုက်တဲ့ ဆောင်းယွန်းစံရဲ့ ဗီဒီယို

//s9.kh1.co/c9/c978951c727e3e5a8774d7d4b5ee2da6774a07c3.jpg
အနုပညာရှင်များ

 ၁၉-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မင်းသမီးချောလေး ဆောင်းယွန်းစံကတော့ဆိုရင် ရွှေကြို တစ်ယောက် အဖြစ် အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် ပါဝင်ခဲ့တာ ဖြစ်ပြီး အနုပညာလောကထဲကို ကြိုးစား လျှောက်လှမ်းနေတဲ့ သူလေး ဖြစ်ပါတယ်။ဆောင်းယွန်းစံဟာ ဗီဒီယို ဇာတ်ကားများစွာ ကိုလည်း ရိုက်ကူးထားတာ ဖြစ်ပြီး သူမရဲ့ သရုပ်ဆောင် အရည်အသွေး ကောင်း မွန်မှုကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက် ချစ်ခင ်အားပေးမှု ကိုရရှိထားတဲ့ မင်းသမီး တစ်လက် ဖြစ်ပါတယ်။

Photo Credit -Saung Yoon San FB Account
Photo Credit -Saung Yoon San FB Account
Photo Credit -Saung Yoon San FB Account
Photo Credit -Saung Yoon San FB Account

အခုနောက်ပိုင်းမှာ ဆိုရင်လည်း အနုပညာအလုပ်တွေကို ပိုမိုလုပ်ကိုင်လာကာ လူငယ်ပီပီ လန်းဆန်းတတ်ကြွနေတာ ဖြစ်ပြီး စီးပွားရေး လုပ်ငန်းလေးကိုလည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။သူမဟာ အသက်ငယ်သေး ပေမယ့်လည်း အနုပညာ လောကမှာ နေရာတစ် နေရာရရှိနေပြီး မိဘကိုလည်း လုပ်ကျွေးနေတဲ့ သမီးလိမ္မာလေး တစ်ဦး ပဲဖြစ်ပါတယ်နော်……။စိတ်ထားဖြူစင်ပြီး ရိုးသားပွင့်လင်းတဲ့ ဆောင်းယွန်းစံ ကတော့ လိုအပ်နေတဲ့ နေရာတွေကို လှူဒါန်းနေတာလည်း တွေ့ရပါတယ်။

Photo Credit -Saung Yoon San FB Account
Photo Credit -Saung Yoon San FB Account
Photo Credit -Saung Yoon San FB Account
Photo Credit -Saung Yoon San FB Account

လတ်တလောမှာတော့ ဆောင်းယွန်းစံဟာ ကြော်ငြာတွေနဲ့ Live Sale တွေမှာ ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်ရှိနေသူလေး ဖြစ်ပါတယ်။ အားလပ် ချိန်တွေမှာလည်း Tik Tok လေးတွေကို အမိုက်စား ဆော့ကစားလေ့ရှိတဲ့ သူမကတော့ အခုတစ်ခါမှာလည်း ပရိသတ်တွေ အလွမ်းပြေအောင် ချစ်စရာကောင်းတဲ့ Tik Tok လေးကို ဆော့ကစားပြီး မျှဝေပေးလာတာ ဖြစ်ပါတယ်။ကဲ…..ချစ်ပရိသတ်တွေ အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Photo Credit -Saung Yoon San FB Account
Photo Credit -Saung Yoon San FB Account

သတင်း အရင်းအမြစ်Saung Yoon San Tik Tok Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T